မလေးတရုတ်စတိုင်လ် ဟင်းလျာတွေရောင်းတဲ့ Ang’s စားသောက်ဆိုင်


မလေးတရုတ်စတိုင်လ် ဟင်းချက်နည်းတွေနဲ့ မလက္ကာဘက်မှာ နေခဲ့တဲ့ တရုတ်လူမျိုးတို့ ဟင်းလျာတွေကို ရန်ကင်း အောင်ဇေယျလမ်းပေါ်က Ang’s စားသောက်ဆိုင်မှာ ရပါပြီ။ Nyo Nya လို့ခေါ်တဲ့ မလေးတရုတ်စ တိုင်လ် ဟင်းလျာတွေကို မြည်းစမ်းကြည့်ရအောင်။

မလေးရှားနိုင်ငံက တရုတ်လူမျိုးတို့ရဲ့စတိုင်လ် ဟင်းလျာနဲ့ အရသာကို အခြေခံပြီး မြန်မာပြည်က တရုတ် ဟင်းတွေနဲ့ လုံးဝမရောနှောပဲ တကယ့်စစ်စစ်ရဖို့ မလေးကနေ ကုန်ကြမ်းတွေ မှာယူပြီး ချက်ပြုတ်ပါတယ်လို့ မလေးမှာ စားဖိုမှူး ၇နှစ်ကြာလုပ်ခဲ့တဲ့ မောင်ဘိုဟန်က ရှင်းပြပါတယ်။

Ang’s စားသောက်ဆိုင်မှာ လူကြိုက်များတဲ့ အစားအစာတွေကတော့ အုန်းထမင်းနဲ့ Rendang ကြက်သား၊ တုံယမ်းထမင်းကြော်၊ Mee Goreng Mamak၊ Kam Heong ကြက်ကြော်၊ ပုစွန်ကြော်တွေပဲ ဖြစ်ပါတယ်။ အခုလို မလေး-စင်္ကာပူ တရုတ်စတိုင်လ်တွေ မြန်မာပြည်ကို ဝင်ရောက်လာဟာ သန့်ရှင်းမှုနဲ့ လတ်ဆတ် မှု၊ ဈေးနှုန်း အသင့်အတင့်ဆိုရင် အောင်မြင်မှာပါလို့ မပပက ဆိုပါတယ်။

မြန်မာနိုင်ငံ အခုလို ပွင့်လင်းလာတာကြောင့် စီးပွားရေးလုပ်ငန်းတွေအတွက် အဆင်ပြေပြီး လုံခြုံမှုရှိတာမို့ ဒီမှာ စားသောက်ဆိုင်လာဖွင့်ဖို့ ရွေးချယ်ရပါတာလို့ ဆိုင်မန်နေဂျာ Tiffany Ang က ပြောပြပါတယ်။



kamayutmedia

မှတ်ချက်များ