အလုပ်အကိုင်ကို အွန်လိုင်းပေါ်ကနေရှာဖို့ Work.com.mm ဒီဇိုင်းအသစ်မိတ်ဆက်


မော်တော်ကားနဲ့ အိမ်ခြံမြေအရောင်းအဝယ်တွေကို အွန်လိုင်းမှာ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေတဲ့ Rocket Internet ကုမ္ပဏီက သူတို့ရဲ့ အလုပ်အကိုင်ရှာဖွေရေးစာမျက်နှာ Work.com.mm ကို ဒီဇိုင်းအပြင်အ ဆင်အသစ်နဲ့ ဇူလိုင် ၄ရက်နေ့က မိတ်ဆက်လိုက်ပါတယ်။

အင်တာနက်စာမျက်နှာကနေ ကိုယ်ရေးရာဇဝင်ဖြည့်နိုင်မယ့် သင့်တော်တဲ့ CV ဖောင်တစ်ခုကို အခြေခံထားပြီး ဖြည့်စွက်နိုင်သလို အလုပ်ရှင်နဲ့ အလုပ်ရှာသူကြားမှာ CV ဖောင်အပြင်အဆင်ကြောင့် ပိုပြီးအဆင်ပြေသလို အပြန်အလှန်ပါ ဆက်သွယ်ပြောဆိုနိုင်မယ့် အခွင့်အလမ်းတွေ ပါဝင်တယ်လို့ Country Manager က ရှင်းပြပါတယ်။

ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အွန်လိုင်းကနေတစ်ဆင့် ရှာဖွေဖို့ ဈေးကွက်ထိပ်ဆုံးရောက်ရေး ရည်မှန်းထားတာကြောင့် ဝန်ဆောင်ခကို နှစ်ဖက်စလုံးကနေ တောင်းခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အခုတော့Work.com.mm စာမျက်နှာဟာ နေ့စဉ် ရှာဖွေသူ တစ်ရာကျော်နဲ့ အလုပ်ရှင်တွေကို ဆက်သွယ်နေသူ ၅ထောင်ကျော်ရှိတယ်လို့ ပြောပါတယ်။

သူတို့ကုမ္ပဏီဟာ အလုပ်အကိုင်အတွက် Work.com.mm၊ မော်တော်ယာဉ် အရောင်းအဝယ်အတွက် Motor.com.mm နဲ့ အိမ်ခြံမြေလုပ်ငန်းအတွက်House.com.mm စာမျက်နှာတွေကို ဖွင့်လှစ်ပြီး ဂျာမဏီအခြေစိုက် ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်တောဖြစ်ပါတယ်။



kamayutmedia

မှတ်ချက်များ