အဆီအစိမ့်လည်းမပါ၊ မိုးတွင်းမှာ ပူပူစပ်စပ် တောင့်တတယ်ဆို ရခိုင်ပင်လယ်စာသုပ် ရှိတယ်


အဆီအစိမ့်လည်းကင်းမယ်၊ အခုလို မိုးရာသီမှာ ရခိုင်ပင်လယ်စာသုပ်ကိုသာ လွေးလိုက်ရရင် ချဉ်ငံစပ်အရ သာနဲ့ ထူပူသွားမယ့် ခံစားချက်ကို လိုချင်ကြမှာပါ။ စမ်းချောင်း မကြီးကြီးလမ်းထိပ်နားမှာ စစ်တွေက ပင်လယ်စာသုပ်အကြောင်း လက်တို့လိုက်ချင်ပါတယ်။

ပြည်ကြီးငါး၊ ရေဘဝဲ၊ ဂုံးယောက်မ၊ ခရု၊ ရေခူး၊ ကဏန်း၊ ပုစွန်၊ ငါနီတူ၊ ငါးဖယ် စတဲ့ စစ်တွေက ပင်လယ်စာသုပ်ကို တစ်ပွဲ ကျပ် ၅ဝဝနဲ့ ရောင်းနေသလို ရခိုင်မုန့်တီသုပ်နဲ့ ရခိုင်မုန့်လက်ဆောင်းလည်းရနိုင်ပါတယ်။ စာသင်ကျောင်းလေးတွေကြောင့် ဈေးရောင်းကောင်းလာမယ်လို့ ဆိုင်ရှင် ဒေါ်မြစန္ဒာလင်းက ပြောပြပါတယ်။

အိမ်မှာဆို ပင်လယ်စာသုပ်စားရတာ အခက်အခဲရှိလို့ အရသာလည်းကောင်း၊ မိုးရွာပြီး စိတ်တွေ ထိုင်းမှိုင်းနေတာ ပွင့်သွားဖို့ ပင်လယ်စာသုပ်ကို လာစားတာလို့ ဒေါ်ဝင်းသိင်္ဂီမော်က ပြောပါတယ်။ ရခိုင်စာ စပ်စပ်လေးစားလိုက်ရရင် လန်းသွားပါတယ်တဲ့။

မြေနီကုန်း မဟာမြိုင်မှတ်တိုင်နားက KMD စင်တာဘေးမှာ ၂ဝဝဝပြည့်ကတည်းက ဆိုင်ဖွင့်ထားတဲ့ စစ်တွေ ပင်လယ်စာသုပ်ဟာ အရင်က ရခိုင်ထမင်းဟင်းကိုပဲ ရောင်းချခဲ့ပေမယ့် ပြည်ကြီးငါးသုပ်ကနေ အခုတော့ လူကြိုက်များတဲ့ ပင်လယ်စာအထိ ရောင်းလာရပါတယ်လို့ ရှင်းပြပါတယ်။



kamayutmedia

မှတ်ချက်များ