ဆန်ပြုတ်ကို အခြားပုံစံတစ်မျိုးနဲ့ လုပ်စားရအောင်



ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ်၊ ဝိတ်လျှော့ချင်လို့ပဲ ဖြစ်ဖြစ် ဆန်ပြုတ်ကို စားလေ့ရှိပါတယ်။ ဒီတစ်ခေါက်တော့ ဆန်ပြုတ်ကို အရင်ကလိုမဟုတ်တဲ့ ပုံစံမျိုးနဲ့ ချက်စားကြည့်ကြဖို့ အဖော်စပ်ချင်ပါတယ်။ Ha Tai Wa စားသောက်ဆိုင်လေးက မဖွေးဖွေးကိုယ်တိုင် ဆန်ပြုတ်ကို ချက်ပြပါမယ်။

“ဝ”ရိုးရာ ဆန်ပြုတ်အတွက် လိုအပ်တာတွေကတော့ ရှမ်းနံနံ၊ တရုတ်နံနံ၊ ပူစီနံ၊ ကြက်သား၊ ရှမ်းဆန်၊ စပါးလင်၊ ချင်းတို့လိုအပ်ပါတယ်။ ပထမဆုံး ချင်း၊ စပါးလင်တို့ကို လိုသလောက်ထည့်ပြီး ကြက်သား ကိုပြုတ်ပါ။ ကြက်သားပြုတ်နေချိန်မှာ ဆန်ပြုတ်ချက်ထားပါတယ်။ ဆန်ပြုတ်ချက်ပုံကို မဖွေးဖွေးက အခုလိုပြောပြပါတယ်။

ကြက်သားလည်း ကျက်ပြီဆိုရင်တော့ ဆယ်ပြီး မွနေအောင် နွာရပါမယ်။ နွာပြီးသွားတဲ့ကြက်သားကို ပါးပါးလှီးထားတဲ့ ရှမ်းနံနံ၊ တရုတ်နံနံ၊ ပူစီနံတွေနဲ့ ရေမွှေပြီး ဆန်ပြုတ်ဆူပွက်ပြီဆိုရင် ထည့်မွှေရပါ မယ်။ ဖြည်းဖြည်းချင်းမွှေဖို့ ပြောပါတယ်။

ကဲ … “ဝ”ရိုးရာဆန်ပြုတ်တော့ ရပါပြီ။ အစပ်ကြိုက်တဲ့သူတွေကတော့ ငြုပ်သီးတောင်၊ သံပုရာသီး၊ ဆားနဲ့ ရောပြီးစားနိုင်ပါတယ်။



kamayutmedia

မှတ်ချက်များ