အလုံးအထည်မပျက်ဘဲ ရွှေဖရုံးသီး ကြက်သားပေါင်း ချက်ကြမယ်


အမေ့လက်ရာလောက် ဘယ်ဟင်းမှ စားမကောင်းဘူးဆိုတာ လူတိုင်းအတွက် အမှန်တရားတစ်ခုပါ။ ဒါပေမယ့် အမေ့လက်ရာကို အကြောင်းကြောင်းကြောင့် မစားဖြစ်ခင်မှာ ကိုယ်တိုင် ချက်ပြုတ်နိုင်မယ့် နည်းလမ်းလေးတွေ မျှပေးချင်ပါတယ်။ ရွှေဖရုံသီး ကြက်သားပေါင်း လုပ်စားချင်ကြလား။

ရွှေဖရုံသီးကို အလုံးမပျက်စေဘဲ ကြက်သားနဲ့ရောပြီး စိုင်းအိုက်ဝူးက ချက်ပြပါမယ်။ အရမ်းလည်း မမှည့်၊ အရမ်းလည်း မစိမ်းတဲ့ ရွှေဖရုံသီးတစ်လုံးက ပြုတ်လို့အနေတော်မယ့် အရွယ်အစားမှာ ရှိရပါမယ်။ နောက် ကြက်သားရင်ပုံတစ်ခု၊ ဆားနဲ့ ကြက်ဥ၊ အသားမှုန့်နဲ့ ဂျပန်တို့ဟူး၊ ငြုပ်ကောင်းကို အချိုးအဆရောပြီး သုံးပါမယ်။

ရွှေဖရုံသီးရဲ့ ထိပ်ပိုင်းကို ဓားလေးနဲ့ဖြတ်မယ်။ အထဲက အစေ့တွေကို ဇွန်းနဲ့ခပ်ထုတ်ရပါမယ်။ ပြီးရင်တော့ တောက်တောက်စင်းထားတဲ့ ကြက်သားရင်ပုံကို ကြက်ဥ၊ တို့ဟူး၊ ဆားနဲ့ အသားမှုန့်တွေရော နယ်ပြီး ရွှေဖရုံသီးထဲကို ထည့်ရပါမယ်။ ပြီးရင် ဖြတ်ထားတဲ့ ထိပ်ပိုင်းလေးကို ပြန်ဖုံးအုပ်လိုက်ပြီး သွားကြား ထိုးတံနဲ့ ထိုးပြီး စိုက်လိုက်ပါ။

ပေါင်းအိုးထဲမှာ မိနစ် ၂ဝလောက် ကြာပြီဆိုရင်တော့ အလုံးအထည်မပျက်တဲ့ ရွှေဖရုံသီးနဲ့ ချိုမြလတ်ဆတ် တဲ့ ကြက်သားရွှေဖရုံဟင်းတစ်ခွက်ရပြီပေါ့။



kamayutmedia

မှတ်ချက်များ