အမေရိကန်လေကြောင်းတိုက်ခိုက်မှု အယ်လ်ကိုင်ဒါ ခေါင်းဆောင်တဦး သေဆုံးခဲ့ဟုဆို

ဆီးရီးယားနိုင်ငံတွင်းက အမေရိကန် လေကြောင်း တိုက်ခိုက်မှုအတွင်း အယ်လ်ကေဒါ စစ်သွေးကြွ အုပ်စု တခုဖြစ်တဲ့ ခိုရာစန်အဖွဲ့ ခေါင်းဆောင် မော်စင်အယ်လ် ဖာဒ်လိ (Mohsin al-Fadhli) သေဆုံး ခဲ့တယ်လို့ အမေ ရိကန်အစိုးရက ယုံကြည်ပါတယ်။

ဆီးရီးယားနိုင်ငံတွင်း အမေရိကန်ရဲ့ လေကြောင်းတိုက် ခိုက်မှုအတွင်း သူသေဆုံးခဲ့ပြီ ဆိုတဲ့ အတည်မပြုထား တဲ့ အစီရင်ခံစာတွေကို ဘာသာရေးစစ်ဝါဒီ ဂျီဟတ်အ ဖွဲ့ဝင်တွေရဲ့ တွစ်တာအကောင့် အမျိုးမျိုးမှာ တင်ပြ ထားတယ်လို့ ၀က်ဘ်ဆိုဒ် စောင့်ကြည့်ရေး ထောက်လှမ်းရေး ဝန်ဆောင်မှုအဖွဲ့က အစီရင်ခံပြီး သူရဲ့ ဓာတ်ပုံကိုလည်း ဖြန့်ချိခဲ့ပါတယ်။

အယ်လ်ကေဒါတွေရဲ့ ဆီးရီးယားတပ်ဆွယ်ဖြစ်တဲ့ နတ်စ်ရာတပ်ဦးရဲ့ စစ်ဦးစီးမှူးနဲ့ လက်ဖြောင့် သေနတ် ပစ် သင်တန်းမှူး အဘူ ယူဆွတ် အယ်လ်တာကီလည်း သေဆုံးတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ တွစ်တာ လူမှုကွန်ရက်က သတင်းတွေလည်း ရှိနေတယ်လို့ SITE အဖွဲ့ က ဆက်လက်ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပြီး သူအလောင်းပုံကို ရိုက်ကူးထားတဲ့ ဓာတ်ပုံလည်း တွဲလျက် ပါရှိပါတယ်။

အမေရိကန်အရာရှိတွေကတော့ အယ်လ်ကိုင်ဒါနဲ့ ချိတ်ဆက်ထားတဲ့ ခိုရာစန်အုပ်စုဟာ အနောက်နိုင် ငံတွေအတွက် ရုတ်ချည်းခြိမ်းခြောက်မှု ဖြစ်လာတယ်လို့ ပြောပါတယ်။

DVB

မှတ်ချက်များ