ဝတ်လစ်စလစ်ပုံများ ပျံ့နေသော်လည်း ခေါင်းထဲမထည့်ဟု ယူကရိန်း အမျိုးသမီး လွတ်တော်အမတ် ပြော


ကမ္ဘာကျော် အနုပညာရှင်တွေရဲ့ အ၀တ်မဲ့ ဓာတ်ပုံတွေ အွန်လိုင်းမှာ ပျံ့နှံ့သွား ခဲ့ပြီးနောက်မှာ ယူကရိန်း နိုင် ငံက အမျိုးသမီးနိုင်ငံရေး သမားတစ်ဦးရဲ့  အဝတ်မဲ့ ကိုယ်တုံးလုံး ဓာတ်ပုံတွေဟာလည်း ဟတ်ကာတွေ
ကြောင့် အွန်လိုင်းမှာ ပျံ့ နှံ့ သွားပါတယ်။

နိုင်ငံတော် လွှတ်တော်မှ အမျိုးသမီးအမတ် အိုလာဂါ လိုင်ယုချာ့ရဲ့  အဝတ်အစား မကပ်ဘဲ ကိုယ်ဟန် ပြ ထားတဲ့ ပုံတွေ လိုင်းပေါ်မှာ ပျံ့ နှံ့ နေတာကို ကာယကံရှင် ကိုယ်တိုင်က သိရှိ အတည်ပြု ပါတယ်။ ဒါပေမယ့် ဒီလို လုံးတီးပုံတွေ ပျံ့ နှံ့ သွားတာကို သူမက လုံးလုံး မရှက်ကြောင်း ပြောခဲ့ပြီး အနုပညာ လက်ရာကောင်း
တွေလို နှိုင်းယှဉ်ခံစား ကြည့်နိုင်တယ်လို့ အိုလာဂါက ဆိုပါတယ်။

အသက် ၃၀ ရွယ် အိုလာဂါရဲ့  မိမွေးတိုင်း ဖမွေးတိုင်းဓာတ်ပုံများ ပြီးခဲ့တဲ့အပတ်တွင်းက အွန်းလိုင်းပေါ်
ရောက်လာခဲ့ရာ ယူကရိန်းနိုင်ငံတွင် ဝေဖန်မှု များ သောသောညံသွားခဲ့ပါတော့တယ်။

အိုလာဂါက ပြီးခဲ့တဲ့မေလ ဒေသရွေးကောက်ပွဲများနှိုက် ကိဗ်မြို့ တော်ကောင်စီတွင် ၎င်းရဲ့ နေရာကို လက် လွှတ်ခဲ့ရသည့် အမျိုးသမီးနိုင်ငံရေးသမား တစ်ယောက်ဖြစ်ပြီး အခုလို ပြောစရာဆိုစရာအဖြစ်မျိုးရင် ဆိုင်တွေ့ နေရပေမယ့် ၎င်းကို အပုပ်ချပြောဆိုနေသူများ ကို ပြန်လည်နှုတ် လှန်ထိုး ပါတယ်။

ဓာတ်ပုံတွေထဲက အဝတ်မဲ့ မိန်းမတွေက မကောင်းမှု တစ်ရပ် မဖြစ်သင့်ကြောင်း၊ ဝတ်လစ်စလစ်ဓာတ် ပုံ တွေဟာ အနုပညာ တစ်ရပ်သာ ဖြစ်ကြောင်း အိုလာဂါက ပြောပါတယ်။

"ပန်းချီအနုပညာရှင်ကြီးတွေဖြစ်တဲ့ ဗန်ဂိုးနဲ့ တီတီယန်နဲ့ အခြားသူတွေလို ကြီးကျယ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ လက် ရာမွန်တွေကို ကမ္ဘာက ဂုဏ်ယူနေရတာပဲမဟုတ်လား။ သူတို့ တွေက ကိုယ်လုံးတီးနဲ့ ကိုယ်ဟန်ပြဖို့ ဆန္ဒရှိ တဲ့ မိန်းမတွေဆီကနေ အဝတ်မဲ့အလှကို အနုပညာ လက်ရာတွေ အဖြစ် ဖန်တီးသွားကြတာပဲ။

ကျွန်မတို့ ခေတ် မှာတော့ အဝတ်မဲ့ အလှကို ပြသဖို့ ဆိုရင် မိန်းမတွေက ခေါင်းမဖော်ဝံ့ ရှက်နေကြရော။ ဒါကို ကျွန်မတော့ နားကိုမလည်နိုင်ဘူး။ သူတို့ တွေ တော်တော့်ကို အနုပညာစိတ် ခေါင်းပါးကြတယ်လို့ ပဲ ကျွန် မတော့ တွက်တယ်"လို့ အိုလာဂါက သူ့အပေါ် ဝေဖန်နေသူတွေကို ခပ်ဘွင်းဘွင်းပဲ သုံးသပ်သွား ခဲ့ပါတယ်။

mizzima

မှတ်ချက်များ