ဦးဝီရသူ နဲ့ ပေါင်းတလည်မြို့ မျိုးစောင့်ဥပဒေဟောပြောပွဲ
ပြည်ခရိုင် ပေါင်းတလည်မြို့မှာ မျိုးစောင့်ဥပဒေ ဆန္ဒခံယူပွဲကို အင်္ဂါနေ့ နေ့လယ်က ပြုလုပ်ရာမှာ ထင်ရှားတဲ့ ဆရာတော် ဦးဝီရသူလည်း ကြွရောက် ဟောပြောခဲ့ပါတယ်။
တခြားသောဒေသတွေမှာလိုပဲ ပေါင်းတလည်မှာလည်း ဦးဝီရသူက မျိုးစောင့်ဥပဒေ အရေးပါပုံကို ဟောပြော ပါတယ်။
ပေါင်းတလည်ရောက် ဦးဝီရသူကို ဧရာဝတီက တွေ့ဆုံမေးမြန်းလျှောက်ထားခဲ့ပါတယ်။
“မြတ်စွာဘုရားက နိဗ္ဗာန်ရောက်ကြောင်း တရားတွေပဲ ဟောကြားခဲ့တာ မဟုတ်ဘူးလေ။ အမျိုးသားရေးတ ရားတွေလည်း ဟောခဲ့တယ်။ လိုအပ်နေတဲ့ ပျော့ကွက်ဟာကွက်ကို ဦးဇင်းတို့အနေနဲ့ ဖြည့်တာပေါ့” လို့ ဦးဝီ ရသူက မိန့်ပါတယ်။
ဦးဝီရသူရဲ့ တရားပွဲတွေက ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အမုန်းပွား မှု ပိုမိုဖြစ်စေတယ်လို့ တချို့က ဝေဖန်သုံးသပ်တာတွေ ရှိပါတယ်။အဲဒီလို ဝေဖန်မှုနဲ့ ပတ်သက်ပြီးဘယ်လို တုန့်ပြန်မလဲလို့ ဧရာဝတီက ဆရာတော် ဦးဝီရသူကို မေးမြန်းလျှောက်ထားခဲ့ပါတယ်။
“လိုအပ်နေတဲ့ လုံခြုံရေးတရားကို ဦးဇင်းတို့ ဟောတာပါ။ ပြောလိုက်ပါ … မျိုးစောင့်ဥပဒေဆိုတာ ဒီမိုကရေစီ ကို မထိခိုက်ပါဘူး၊ တရားဥပဒေ စိုးမိုးမှုကို မထိခိုက်ပါဘူး လို့” အဲဒါကတော့ ဦးဝီရသူရဲ့ တုန့်ပြန်ချက် ဖြစ်ပါ တယ်။
ဒီပွဲကို ဒီပွဲကို ဒေသခံ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ နဲ့ မြန်မာနိုင်ငံ လုံးဆိုင်ရာ ဝံသာနုရက္ခိတအဖွဲ့က စီစဉ်တာပါ။
ပွဲစီစဉ်သူတဦးဖြစ်တဲ့ ကိုထွန်းလင်းထိုက်က မျိုးစောင့်ဥပဒေက အရေးကြီးတယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံမှာ မျိုးစောင့်ဥပဒေဟာ တင်သွင်းဖို့ လိုအပ်နေပါပြီ၊ အဲဒါကို ထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ အခုလို ကျင်းပပြုလုပ်ရတာပါ။ ကျနော်တို့က ခွင့်ပြုမိန့်နဲ့ လုပ်တာပါ။ ဒါက ဘာသာရေးနဲ့ မျိုးစောင့်ဥပဒေ ရှင်းလင်းပွဲဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးနဲ့လည်း ငြိစွန်းထားတာ မရှိဘူး၊ သူများပါတီတွေကိုလည်း စော် ကားတာ မရှိဘူး၊ အစိုးရကိုလည်း အတိုက်အခံလုပ်တာ မဟုတ်တဲ့အတွက်ကြောင့်ပါ။ ကျနော်တို့အဖွဲ့အ စည်းက ဘာသာရေးသီးသန့်အဖွဲ့ပါ။ နိုင်ငံရေးနဲ့လည်း လုံးဝ မဆက်နွယ်ပါဘူး” ဟောပြောပွဲကို ပေါင်းတ လည်မြို့ ဘောလုံးအားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး လူအင်အား ၄၀၀ ကျော်လောက်တက် ခဲ့ကြပါတယ်။
တက်ရောက်သူများထဲမှာ မျိုးစောင့်ဥပဒေကို သဘောကျသူများ ပါဝင်သလို ဘာတွေဟောပြောမလဲဆိုတာ သိချင်လို့ ရောက်လာသူတွေလည်း ပါပါတယ်။
ပေါင်းတလည်မြို့ဟောပြောပွဲကို ပြည်မြို့ကနေ လာရောက်နားထောင်သူ ကိုမင်းမင်းက ဘာတွေဟောပြော မယ်ဆိုတာ လေ့လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
“ဟောပြောနေတဲ့ စကားတွေက တိုင်းရင်းသူတွေက တခြားအမျိုးသားကို ယူလို့ ဒုက္ခတွေ ကြုံတွေ့နေရ
ကြောင်းကို သာဓကပေးပြီး လူတဦးတယောက်က လူ့ကျင့်ဝတ်နဲ့ မညီတာကို အဲဒီဘာသာဝင်က လူတွေက အဲဒီလိုပဲလို့ ပြောဆိုနေတာ မဖြစ်သင့်ဘူး။ အမုန်းပွားစေမဲ့စကားတွေပါ။ သူတို့ကို လူတွေပြစ်တင် ပြော ဆိုဝေဖန်နေတာ နည်းတောင် နည်းသေးတယ်” လို့ ကိုမင်းမင်းက ပြောပါတယ်။
ကောင်းမြတ်မင်း | ဧရာဝတီ

မှတ်ချက်များ