ရေးမြို့မှရန်ကုန်မြို့သို့ ပြေးဆွဲမည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကု မ္ပဏီမှ ရွှေမြိုင် သူယာဉ်လိုင်းပြေးဆွဲရန် တစ်ရက် အလိုတွင် ရေးမြို့နယ်အုပ်ချုပ်ရေး မှူးက ခေါ်ယူ တားမြစ်ခဲ့သည်ဟု သိရှိရသည်။
စက်တင်ဘာ ၂၃ ရက်နေ့ ဖွင့် ပွဲအခမ်းအနားသို့ တက်ရောက် သည့် ဗန္ဓုလသယ်ယူပို့ဆောင်ရေး လုပ်ငန်း ကုမ္ပဏီမှ MD နှင့် ဒါရိုက် တာအဖွဲ့များနှင့် တွေ့ဆုံစဉ် ရေးမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင် က တားမြစ်ခဲ့ခြင်းဖြစ်သည်။
”အုပ်ချုပ်ရေးမှူးပြောတာက တော့ ရေးမြို့မှာ ယာဉ်လိုင်း ၁၈လိုင်း ပြေးဆွဲဖို့ ခွင့်ပြုထားတယ်။ မပြေး တဲ့လိုင်းတွေလဲရှိတယ်။ အဝေးပြေး ကွင်းက ပီပြင်မှုမရှိလို့ ဆိုပြီး မြို့ထဲ မှာပဲရပ်တန့်ပြီး ခရီးသည်အတင် အချ လုပ်ပြေးဆွဲနေကြတယ်၊ ဒါ့ကြောင့် မြို့ထဲမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားနေလို့ မြို့နယ်ကော် မတီရဲ့ ဆုံးဖြတ်ချက်အရ ပြေးဆွဲခွင့်မပေးနိုင် ဘူးလို့ ပြောတယ်” ဟု ရေးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ နာယက ဦးကျော်နိုင်က ပြောသည်။
ကားလိုင်းအား ခွင့်ပြုချက်လို ချင်ပါက အထက်၏ ခွင့်ပြုမိန့်ယူခဲ့ ရန်နှင့် လုပ်ထုံးလုပ်နည်းနှင့် ညီပါ က ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ တား မြစ်ထားပြီးမှ ပြေးဆွဲပါက ထိရောက် စွာအရေးယူမည်ဟု မှာကြားထား သည်ဟု ၄င်းက ဆိုသည်။
”အမှန်ကတော့ ရွှေမြိုင်သူယာဉ် လိုင်းတာဝန်ရှိသူတွေက ကျွန်တော်တို့ ဆီမှာ ယာဉ်လိုင်းပြေးဆွဲဖို့ ထောက် ခံချက် လာယူတာပါ၊ ဒါပေမဲ့သူတို့ အနေနဲ့ ရေးမှာ ပြေးဆွဲဖို့လျှောက်ထားတာမရှိခဲ့ဘူး။ ဒါကြောင့် ထောက်ခံချက်ထုတ်ပေးလို့မရဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးအနေနဲ့ကလဲ တရားဝင် လျှောက်ထားတာ မရှိတဲ့အတွက် တားမြစ်ခဲ့တယ်။ တရားဝင်ပြေးဆွဲခွင့်ပြုစာရှိမယ်ဆိုရင်တော့ ခွင့်ပြုပေးမှာပေါ့” ဟု ရေး မြို့နယ်ယာဉ်စည်းကမ်း ထိန်းသိမ်းကြီး ကြပ်ရေးကော်မတီ ဦးအောင်အေး မြင့်က ပြောသည်။
လက်ရှိအချိန်တွင် ခွင့်ပြုချက် ကျပြီး ယာဉ်လိုင်းပေါင်း ၁၈ လိုင်း ရှိပြီး ရေးမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲ နေသည့် ယာဉ်လိုင်းငါးလိုင်းရှိသည်။ ရေးမြို့မှ မော်လမြိုင်မြို့သို့ ပြေးဆွဲ နေသော ယာဉ်လိုင်း နှစ်လိုင်း ရှိကာ ကျန်လိုင်းများမှာ ပြေးဆွဲခွင့်ရှိနေ သော်လည်း ရပ်နားထားသည်။ ရေးမြို့ တွင် အဝေးပြေးကွင်း ပီပြင်မှုမရှိသ ဖြင့် ကုန်တင်ကားများ၊ ဟိုင်းလတ် ယာဉ်များ ဒေသတွင်း ပြေးဆွဲနေ သည့် ယာဉ်လိုင်း များကြောင့် ရေးမြို့ အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ရှိနေကြောင်းကိုလည်း သိရသည်။
WNT(MMK)-Democracytoday
Yangon Media Group
ပင်မ
/
ဦးပိုင်လီမိတက်ပိုင် ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ ရွှေမြိုင်သူ ယာဉ်လိုင်းပြေးဆွဲရန် တားမြစ်ခံရ

မှတ်ချက်များ