ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီကျေးရွာများမှ ဘင်္ဂါလီများကို ပင်လယ်ပြင်တွင် ရပ်နား စောင့်ဆိုင်း နေသည့် မလေးရှား သင်္ဘောများ နှင့် ချိတ်ဆက်၍ ပို့ဆောင်လူကုန်ကူး မှုများရှိနေကြောင်း အဆိုပါ မလေးရှား သင်္ဘောများသို့ သွားရောက်စဉ် ဖမ်းဆီးခြင်း ခံရသူများ၏ ထွက်ဆိုချက်များ အရသိရသည်။
ယခုလ ၂၂ ရက် ၈ နာရီခွဲတွင် မောင်တောမြို့နယ် ကညင် တန်းကျေးရွာအုပ်စု နှာခေါင်းတိုကျေးရွာကမ်း စပ်အနီးတွင် နှာခေါင်း တိုရဲကင်းစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ် မှူးများပါဝင်သော အဖွဲ့ငါးဦးသည် နတ်မြစ် ကမ်းစပ်အနီးတွင် အလျား ၂၆ ပေ၊ အမြင့် ၆ ပေ၊ မြင်းကောင်
ရေ ၂၂ ကောင်ရှိ စက်လှေတစ်စင်းဆိုက်ကပ်နေသည်ကို တွေ့ရှိ၍ စစ်ဆေးကြည့်ရှုရန် သွားရောက်စဉ် စက်လှေပါလူအချို့မှာ ထွက်ပြေးသွားပြီး လှေပေါ်မှ ကျား ၁၇ ဦး၊ မတစ်ဦး၊ ကလေး နှစ်ဦးပေါင်း ၂ဝကိုဖမ်း ဆီးရမိခဲ့ကြောင်း၊ အဆိုပါဖမ်းဆီးရမိသူများ ထဲမှ ရွက်ညိုတောင်ကျေးရွာအုပ်စုနေ ရော်ရှိတ်အာမတ်(ဘ) အဒူရော်မန်(၃၅)နှစ်ကို စစ်ဆေးမေးမြန်းရာ မလေးရှားသင်္ဘော သို့သွားရန် လိုက်ပါလာကြောင်းနှင့် ပွဲစားဖြစ်သူ ရွက်ညိုတောင် ကျေးရွာနေ မာဘူးနှင့် ၄င်းစက်လှေကို ဘင်္ဂလားဒေ့ရှ်စက်လှေ တစ်စင်းက လိုက်လံဖမ်းဆီးသဖြင့် ကမ်းသို့ဆိုက်ကပ်ရောက်ရှိ လာခြင်းဖြစ်ကြောင်းသိရသည်။ ဖမ်းဆီးရမိသူများမှာ ဘူးသီး တောင်မြို့နယ်နှင့် မောင်တောမြို့နယ်အတွင်း နေထိုင်သူများ ပါဝင်ကြောင်း သိရသည်။
စက်လှေပေါ်ပါ ဖမ်းဆီးရမိသူများအား အမှတ်(၇)နယ်မြေ နယ်ခြားစောင့်ရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နုနုနွေ(ဓညဝတီ) | The Union Daily
စက်လှေပေါ်ပါ ဖမ်းဆီးရမိသူများအား အမှတ်(၇)နယ်မြေ နယ်ခြားစောင့်ရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နုနုနွေ(ဓညဝတီ) | The Union Daily

မှတ်ချက်များ