ရှမ်းခေါက်ဆွဲနဲ့ဆူရှီ တွဲဖက်ရောင်းတဲ့ လှည်းတန်းက 81


မြို့ပြရဲ့ပြောင်းလဲနေတဲ့ ခေတ်ရေစီးထဲမှာ ရှင်သန်ကြီးထွားနေကြတဲ့ မြန်မာလူငယ်တွေ အကြိုက်တွေ့စေ မယ့် ရှမ်းရိုးရာအစားအစာနဲ့ ဂျပန်ဆူရှီတို့ကို ထူးထူးခြားခြား တွဲဖက်ရောင်းချတဲ့ 81 ဆိုတဲ့ စားသောက်ဆိုင်
လေးလှည်းတန်းက ဦးထွန်းလင်းခြံလမ်းထဲ ဖွင့်လှစ်လိုက်တာ ၁ဝရက်ကျော်ကျော်ပဲ ရှိပါသေးတယ်။

စားသောက်ဆိုင်အနေနဲ့ရော ကိုယ်ပိုင်စီးပွားရေးအနေနဲ့ပါ ပထမဆုံးလုပ်ဖူးတာကြောင့် ဆိုင်နေရာအတွက်
ရောလိုအပ်တဲ့ ပစ္စည်းတွေအတွက်ပါ အများကြီးခက်ခဲခဲ့ပါတယ်လို့ လူငယ်လုပ်ငန်းရှင် ကိုစိုးကိုက ပြောပါ တယ်။ ကုမ္ပဏီအလုပ်မှာ ငွေမစုမိတာမို့ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ စဉ်းစားခဲ့တာဖြစ်တဲ့အကြောင်း၊ ဒီကနေ့
ခေတ်မှာ လူကြိုက်များတဲ့ ရှမ်းခေါက်ဆွဲနဲ့ဆူရှီကို တွဲဖောက်ရောင်းမယ်ဆိုတဲ့ စိတ်ကူးနဲ့ လုပ်ခဲ့တာပါလို့ ဆိုပါတယ်။

81 စားသောက်ဆိုင်မှာတော့ ဆူရှီနဲ့အတူ မြင်နေကျ ရှမ်းစာတွေရနိုင်သလို ဆိုင်တော်တော်များများမှာ မရနိုင်တဲ့ မြေပဲတို့ဟူး၊ ၁၂ပန်းနား အာလူးကြော်၊ အော်စွန်းသုပ်၊ Small ပေါက်စီပေါင်းနဲ့ပေါက်စီကြော်
တွေလည်း ရနိုင်ပါတယ်။

ရှမ်းအစားအစာတွေရောင်းချဖို့ Menu အတွက် သူကိုယ်တိုင်ရှမ်းပြည်ကိုသွားပြီး လူအစားများတဲ့ စား
သောက်ဆိုင်တွေကို လေ့လာခဲ့သလို သူ့ရဲ့ဆိုင်က လက်ရှိမှာ ၅ဝရာခိုင်နှုန်းပဲ ရောင်းရသေးတာကြောင့် တစ်လအကြာမှာ ထူးခြားမှုမရှိရင် ရှမ်းခေါက်ဆွဲအစားပြိုင်ပွဲမျိုးနဲ့ လူပိုသိအောင် လုပ်သွားမယ်လို့ ဆိုပါ တယ်။

ရှမ်းလူမျိုးစစ်စစ် စားဖိုမှူးကိုယ်တိုင် ပြင်ဆင်ပေးမှာဖြစ်ပြီး ရှမ်းခေါက်ဆွဲကိုလည်း ခရမ်ချဉ်သီးနဲ့ကြက်သား
ရောချက်ပြီးမှာ ခေါက်ဆွဲထဲထည့်တာမို့ ပိုအရသာရှိစေမှာပါလို့ ဆိုပါတယ်။



kamayutmedia


မှတ်ချက်များ