လတ်တ လောတွင် ပရိသတ်အများဆုံးစိတ် ဝင်စားနေတဲ့ အနုပညာရှင်ကတော့ အိမ်ထောင်ပြုရန်အတွက် စဉ်းစား နေပြီဟုပြောလာတဲ့ အကယ်ဒမီ နေတိုးပါပဲ။
ယင်းကိစ္စနှင့်ပတ်သက် ပြီးတော့ အကယ်ဒမီနေတိုးကိုအခု လို့ပဲတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
မေး။ ။အင်တာဗျူးတွေမှာ ဖြေထား တဲ့ အိမ်ထောင်ပြုတော့မယ်ဆိုတဲ့စ ကားကြောင့် ပရိသတ်တွေ တော်ေ
တော်ကို စိတ်ဝင်စားနေကြတယ်နော်။
ဖြေ။ ။ကျွန်တော့်အိမ်ထောင်ရေး နဲ့ပတ်သက်ပြီးတော့ ပရိသတ်တွေ စိတ်ဝင်စားပေးကြတာကို ကျွန်တော် တကယ်ကိုဝမ်းသာပါတယ်။ အိမ် ထောင်ပြုတော့မယ်ဆိုတာကလဲ အခုလောလောဆယ်ချက်ချင်းကြီး
တော့မဟုတ်သေးပါဘူး။ အခုချိန် မှာ ကျွန်တော်အနုပညာအလုပ်တွေ ကိုပဲလုပ်နေတာပါ။ သေသေချာချာ စဉ်းစားဆုံးဖြတ်ထားတာတော့မ ဟုတ်ပါဘူး။
မေး။ ။အိမ်ထောင်ဖက်က အနုပညာ လောကထဲက ဆိုပြီးတော့ ကောလာ ဟလတွေထွက်နေတာနဲ့ ပတ်သက်ပြီးတော့လဲ ပြောပြပေးပါဦး။
ဖြေ။ ။အခုလောလောဆယ်ကျွန် တော့်မှာ ရည်းစားလဲမရှိသေးပါဘူး။ ကျွန်တော့်အသက်အရွယ်နဲ့ဆိုရင် အခုချိန်မှာ အိမ်ထောင်ပြုသင့်ပြီလို့ ကိုယ့်ဘာသာစဉ်းစားမိခဲ့တယ်။ တ ဖြည်းဖြည်းနဲ့အသက်ကလဲကြီးလာပြီ ဆိုတော့ အိမ်ထောင်ပြုမယ်ဆိုရင် အိမ်ထောင်ပြုရတော့မယ့် အချိန် ရောက်နေပြီလို့လဲထင်တဲ့အတွက် ပရိ သတ်တွေကိုအသိပေးတဲ့သဘော ပါ။ သေချာတာက ကျွန်တော့်အိမ် ထောင်ဖက်က အနုပညာလောက ထဲက မဟုတ်ပါဘူး။ အနုပညာနယ် ပယ်ထဲက မဟုတ်တဲ့ အပြင်လောက ကသူပဲဖြစ်ဖို့များပါတယ်။ အခု ထွက် နေတဲ့ကောလာဟလတွေကလဲ မ ဟုတ်ပါဘူး။ အနုပညာလောကထဲ ကသူတွေအားလုံးက ညီအစ် ကို မောင်နှမတွေလိုပဲ တစ်ယောက်နဲ့ တစ်ယောက်ခင်မင်ကြတာပါ။ တစ် ယောက်လိုအပ်တဲ့ အကူအညီကို တစ် ယောက်ကကူညီပေးကြတဲ့သူတွေ ပါ။
မေး။ ။ဘယ်တော့လောက် အိမ် ထောင်ပြုဖို့ စဉ်းစားထားလဲ။
ဖြေ။ ။အိမ်ထောင်ပြုတယ်ဆိုတာ က တကယ်တော့လွယ်တဲ့ကိစ္စမဟုတ် ပါဘူး။တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိ တိုင်တိုင်ပင်ပင်လုပ် ရတာလေ။ ကျွန်တော်အိမ်ထောင် ပြုဖြစ်ခဲ့ရင်လဲ နောက်သုံး၊လေးနှစ်
လောက်မှာ အိမ်ထောင်ပြုဖြစ်မှာပါ။ ဒီနှစ်ထဲမှာတော့ လုံးဝမဟုတ်ပါဘူး။ အခုချိန်မှာ အိမ်ထောင်ပြုတော့ မယ် ဆိုပြီးတော့ စဉ်းစားဖြစ်ခဲ့ပေမယ့် သေသေချာချာမဆုံးဖြတ်ရသေးပါဘူး။
မေး။ ။၂ဝ၁၅ခုနှစ်မှာအနုပညာ နဲ့ပတ်သက်ပြီးတော့ အပြောင်းအလဲ တွေရှိလား။
ဖြေ။ ။အပြောင်းအလဲကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်တဲ့ အခါမှာ မနှစ်ကနဲ့မတူတဲ့ ပြောင်းလဲ မှုတွေလုပ်ဖို့တော့ စဉ်းစားထားပါ တယ်။ အရင်နှစ်တွေကနဲ့မတူတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူး မှုကိုလဲ ပရိသတ်တွေမြင်တွေ့ရမှာ ပါ။ ရုပ်ရှင်ဇာတ်ကားကြီးဆိုရင် မနှစ် ကနဲ့မတူတဲ့ ဇာတ်လမ်းဇာတ် အိမ်ပုံ စံမျိုးတွေ၊ ကာရိုက်တာပုံစံတွေကို လဲ မြင်တွေ့ရမှာပါ။
မေး။ ။ပရိသတ်တွေကိုလဲစကား လက်ဆောင်လေးပြောပေးပါဦး။
ဖြေ။ ။ကျွန်တော့်ရဲ့လုပ်ဆောင် ချက်တွေနဲ့ပတ်သက်ပြီးတော့ အသေး စိတ် စိတ်ဝင်တစားရှိကြတဲ့ ကျွန်
တော့် ရဲ့ကျေးဇူးရှင်ပရိသတ်တွေအားလုံး ကို ကျေးဇူးတင်ပါတယ်။
ဒီမိုကရေစီတူဒေး

မှတ်ချက်များ