ရဲအယောင်ဆောင်များနှင့်နယ်ထိန်းအင်ချက်တို့မှပူးပေါင်းကာ လိုင်းကြေးမရလျှင် ဖမ်းဆီးမှုပြုလုပ် (လွင်ပြင်သို့ ပေးပို့စာ)


ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်အတွင်း ရဲအင်းဖော်မ(ခ)ရဲသတင်းပေး၊ရဲအယောင်ဆောင်များပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြုလုပ်သူက ၄င်းအား နှစ်လုံးထီ၊သုံးလုံး၊ဘောပွဲဒိုင်များတွင် ရဲများကဲ့သို့ လိုင်းကြေးတောင်းရမ်း
ခြင်း ပြုလုပ်ပြီး ၄င်းအားလိုင်းကြေးမပေးသူများအား ရဲနှင့်တိုင်ကာ သတင်းပေးမှုများပြုလုပ် လျက်ရှိပါ သည်။

ထိုသို့ ရဲမဟုတ်ဘဲ ရဲလိုင်းကြေးတောင်းရမ်းခြင်းများပြုလုပ်သူများအား သက်ဆိုင်ရာ တာဝန်ရှီသူများက အမြန်ဆုံးစိစစ်အရေးယူဆောင်ရွက်ပေးသင့်ပါကြောင်း ထိုသို့ ရဲအယောင်ဆောင် ငွေကြေးများတောင်ရမ်း သူကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်ပေးပါရန် ရန်ကုန်တိုင်းဒေကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးနှင့် ရန်ကုန်တောင်းပိုင်ခရိုင် ခရိုင်မှူးတို့ထံတွင် တာဝန်ရှိကြောင်း ယင်းသို့ပြုလုပ်သူများက သန်လျင်မြို့မရဲစခန်းမှ နယ်ထိန်းအင်ချက်နှင့် ပေါင်းစည်းလုပ်ကိုင်နေခြင်းဖြစ်ပြီး အဆိုပါ နယ်ထိန်းအင် ချက်ပါ ထိရောက်သည့် ပြစ်ဒဏ်မျိုးပေးသင့်ပါကြောင်း တင်ပြအပ်ပါသည်။

ထိုသို့ ရဲလိုင်းကြေးတောင်းယူသူနှင့် နယ်ထိန်းအင်ချက်တို့ကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးလိုပါ သည်။

 ပေးပို့သူ - ထင်လင်းဦး

မှတ်ချက်များ