![]() |
| ဆာနားမြို့၌ စစ်ဆေးနေသော သူပုန်တစ်ဦးကိုတွေ့ရစဉ် |
နှစ်ဖက် အပစ်အခတ် ရပ်စဲရန် သဘောတူညီထားသော်လည်း ယခုကဲ့သို့ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာ သည့်နောက် တိုက်ပွဲများ တစ်ကျော့ပြန် စတင်လာဖွယ် ရှိနေကြောင်း သတင်းများက ဆိုသည်။ ကုလသ မဂ္ဂက အဆိုပါ တိုက်ခိုက်မှုကို ရှုတ်ချပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို လေးစားမှု ထားရှိရန် ဟူသီ သူပုန်တပ်များအား သတိပေးခဲ့သည်။
ဟူသီ သူပုန်များသည် ဆာနားမြို့ထဲတွင် ဖြန့်ကျက် တပ်စွဲထားပြီး အချိန်မရွေး အာဏာသိမ်းမှုတစ်ခု ဖြစ် လာနိုင်ကြောင်း ဒေသခံများက ယူဆထားသည်။ ဟူသီ သူပုန်ခေါင်းဆောင် အက်ဘ်ဒဲလ် မာလက်ခ် အယ်လ်ဟူသီက အစိုးရ ခေါင်းဆောင်ပိုင်းအတွင်း ခြစား အကျင့်ပျက်မှုများ ရှိနေကြောင်း စွပ်စွဲခဲ့ပြီး ယီမင် အတွက် အပြောင်းအလဲ ဆုံးဖြတ်ချက်တစ်ရပ် လိုအပ်နေပြီဟု ပြောကြားထားသည်။
ယီမင်သည် အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့များကို တိုက်ခိုက်မှုတွင် အမေရိကန်၏ မဟာဗျူဟာကျသော မဟာမိတ် နိုင်ငံတစ်ခုဖြစ်သည်။ ဟူသီ သူပုန်များသည် မြောက်ပိုင်းတွင် အဓိက ခြေကုပ်ယူထားရာမှ ပြီးခဲ့ သည့် နှစ်လယ်တွင် မြို့တော် ဆာနားထိ ချဉ်းကပ်လာခြင်း ဖြစ်သည်။
ယီမင် ပြန်ကြားရေးဝန်ကြီး နာဒီယာ အယ်လ်ဆာကက်ဖ်က သမ္မတ အိမ်တော်ကို မော်တာဖြင့် ပစ်ခတ်ခံ ရကြောင်း အတည်ပြုခဲ့သော်လည်း သမ္မတ အက်ဘ်ရာဘူ မန်ဆာ ဟေဒီအနေဖြင့် တစ်စုံတစ်ရာ အထိအ ခိုက် မရှိကြောင်း ဆိုသည်။ ဟူသီ သူပုန်များသည် သမ္မတအိမ်တော် အနီးဝန်းကျင်ရှိ အဆောက်အအုံများ တွင် နေရာယူပြီး အိမ်တော်ကို မော်တာဖြင့် ပစ်ခတ်နေခြင်းဟု သိရသည်။
အစိုးရ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးကလည်း “အိမ်တော်ထဲမှာ သမ္မတ ရှိနေပါတယ်။ ဒါပေမဲ့ အခြေအ
နေကောင်းပါတယ်”ဟု ပြောကြားခဲ့သည်။ အခြားအရာရှိ တစ်ဦးက အပြန်အလှန် ပစ်ခတ်မှုများအတွင်း အနည်းဆုံး နှစ်ဦး သေဆုံးကြောင်း ဆိုသည်။
ယီမင်အစိုးရနှင့် ဟူသီသူပုန်များကြား အပစ်အခတ် ရပ်စဲရန် သဘောတူညီကြောင်း ကြေညာပြီး နောက် တစ်ရက်တွင်ပင် ယခုကဲ့သို့ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဟု သိရှိရသည်။
7day

မှတ်ချက်များ