မင်းကိုနိုင်တင်ဆက်မယ့် ဗိုလ်ချုပ်မွေးနေ့အတွက် ကဗျာအော်ပရာ
မြန်မာ့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရာပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကိုမင်းကိုနိုင် ဦးဆောင်ပြီး ကမ္ဗည်းရှင် ကဗျာအော်ပရာဖျော်ဖြေပွဲကို ရန်ကုန်၊ မန္တလေးနဲ့ နတ်မောက်မြို့တွေမှာ ကျင်းပ သွားမယ်လို့ ဇန်နဝါရီ ၂ဝရက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောလိုက်ပါတယ်။ ကဗျာအော်ပရာဆိုတာ ဘာလဲ။
အဆိုတော် လင်းလင်းနဲ့အတူ ဝေလ၊ ဂျီလတ်အပါအဝင် ကျောင်းသားလူငယ်တွေပါဝင်မယ့် ကိုမင်းကိုနိုင် စီစဉ်တဲ့ ကဗျာအော်ပရာကို ရန်ကုန်မြို့အမျိုးသားဇာတ်ရုံမှာ ဖေဖော်ဝါရီ ၄ရက်နေ့၊ မန္တလေးမြို့ အမျိုးသား ကဇတ်ရုံမှာ ဖေဖော်ဝါရီ ၉ရက်နေ့နဲ့ နတ်မောက်မြို့မှာတော့ ဖေဖော်ဝါရီ ၁၂ရက်နေ့တွေမှာ တင်ဆက်သွား မှာဖြစ်တယ်လို့ ဆိုပါတယ်။
ကဗျာအော်ပရာဆိုတာ နောက်ခံကနေ ကဗျာတွေရွတ်ပြီး ကဗျာကိုတေးသရုပ်ဖော်နဲ့ကပြရတာဖြစ်လို့ ကဗျာ နဲ့ဇာတ်ခုံပေါင်းစပ်ထားတဲ့ တင်ဆက်မှုကြောင့် ကဗျာအော်ပရာလို့ခေါ်တာဖြစ်တယ်လို့ ကိုမင်းကိုနိုင်က ရှင်းပြပါတယ်။ ဗိုလ်ချုပ်အကြောင်း ပြန်ပြောတဲ့ပုံစံကို တင်ဆက်ရာမှာ ကဗျာအခြေခံအဖြစ် တင်ဆက်ဖို့ ရွေး ချယ်ခဲ့တာပါလို့ သူကဆိုပါတယ်။
ဗိုလ်ချုပ်မရှိတော့တဲ့နောက် သူ့ကိုတမ်းတတဲ့ကဗျာတွေများတာမို့ ဇာတ်ကြောင်းတစ်ခုကိုရေးကြည့်တဲ့အခါ အခက်အခဲရှိတာကြောင့် ဇာတ်ဝင်ခန်းအတွက် ကဗျာတွေရေးပြီး ဇာတ်ခုံနဲ့ပေါင်းတာ ပြဇာတ်မဟုတ်ဘူးလို့ လည်း ဆိုပါတယ်။
အမြို့မြို့အနယ်နယ်မှာ တင်ဆက်ဖျော်ဖြေချင်ပေမယ့် လူ၊ ငွေနဲ့ အချိန်အခက်အခဲတွေ ရှိလို့ ဗိုလ်ချုပ်ရဲ့ဇာတိ နတ်မောက်အပါအဝင် အမျိုးသားကဇတ်ရုံရှိတဲ့ ရန်ကုန်နဲ့မန္တလေးကို ဦးစားပေးပြီး လုပ်ရတာပါလို့ ကဗျာ
အော်ပရာဖြစ်မြောက်ရေး ကူညီသူ လူရွှင်တော် ဇာဂနာက ဆိုပါတယ်။
အခုလိုကြုံတောင့်ကြုံခဲ နှစ်၁ဝဝပြည့် မွေးနေ့မှာ တတ်မြောက်တဲ့အနုပညာနဲ့ ဂုဏ်ပြုခွင့်ရတာဟာ မွန်မြတ် သလို ပူဇော်တာလည်းဖြစ်ပြီး နှစ်ပေါင်းများစွာ ဗိုလ်ချုပ်ကိုဖျောက်ဖျက်ဖို့လုပ်ခဲ့ပေမယ့် သူရဲကောင်းတွေက
ပျောက်ကွယ်သွားတာ မရှိဘူးလို့ ပြောပါတယ်။
kamayutmedia

မှတ်ချက်များ