မြန်မာနိုင်ငံထဲမှာ တရားမ၀င် သစ်ခုတ်ထုတ်ယူမှုနဲ့ ဖမ်း ဆီးခံထားရတဲ့ တရုတ်နိုင်ငံသားတွေကိုကူညီကာကွယ်
ပေးဖို့ တရုတ်ကောင်စစ်ရုံး အဖွဲ့ဟာ ကချင်ပြည်နယ်
မြစ်ကြီးနားမှာ တနင်္လာနေ့က ရောက်ရှိနေ တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ထုတ်ပြန်ပါ တယ်။
ဒီအဖွဲ့ဟာ ကချင်ပြည်နယ်အတွင်း အစိုးရနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တိုက်ပွဲ
တွေကြားမှာ တရုတ်နိုင်ငံသားတွေပိတ်မိနေတယ်ဆိုတဲ့ သတင်းတွေကိုလည်း စုံစမ်းစစ်ဆေးသွားမယ် လို့လည်း သတင်းမှာဖော်ပြပါတယ်။
ကချင်ပြည်နယ်ထဲမှာတရားမ၀င်သစ်ခုတ်ထုတ်ယူနေတဲ့ တရုတ်နိုင်ငံသား ၁၂၀ ကျော်ကို မြန်မာ စစ်တပ်က ဇန်န၀ါရီလဆန်းပိုင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး တရားဥပဒေအရ အရေးယူဖို့ မြစ်ကြီးနားထောင်မှာ ထိန်းသိမ်း ထားတာပါ။
တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဟောင်းလီကတော့ ထိန်းသိမ်းခံ တရုတ်နိုင်ငံသားတွေအရေး တရုတ်နိုင်ငံရဲ့ စိုးရိမ်ပူပန်မှုနဲ့ သူတို့အပေါ် ကောင်းကောင်းမွန်မွန် သက်သက်ညှာညှာ ပြုမှုဖို့ အလွန်အရေး ကြီးတယ်ဆိုတာကို မြန်မာဘက်က အလေးထား ထည့်တွက်တယ်လို့ ပုံမှန်သတင်းစာရှင်းပွဲမှာပြော ပါတယ်။
မြန်မာပြည်မှာရှိတဲ့ တရုတ်သံရုံးနဲ့ ကောင်စစ်ရုံးအနေနဲ့ ထိမ်းသိမ်းခံနေရတဲ့ တရုတ်နိုင်ငံ သားတွေကို သွားရောက်တွေ့ဆုံပြီး လိုအပ်တဲ့ အကူအညီတွေ ထောက်ပံ့ပေး သွားမယ်လို့လည်းပြောပါတယ်။
ဒီအတောအတွင်း ပြန်လည်ဖြစ်ပွားနေတဲ့ အစိုးရတပ်တွေနဲ့ ကေအိုင်ကေတွေရဲ့ တိုက်ပွဲတွေ အကြားမှ တရုတ်နိုင်ငံသားတွေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
တရုတ်သံရုံးတာဝန်ရှိသူတဦးကတော့ ဒီသတင်းတွေနဲ့ ပတ်သက်ပြီးအနီးကပ်စောင့်ကြည့်နေတဲ့အကြောင်း
နဲ့ ဒီသတင်းတွေကို စစ်ဆေးနေဆဲဖြစ်ပြီး စိစစ်အတည်ပြုနိုင်ဖို့ ခက်ခဲနေတုန်းပဲလို့ ဆင်ဟွာသတင်းကိုပြော ပါတယ်။
ဂလိုဘယ်တိုင်းမ် တရုတ်သတင်းစာမှာတော့ ရာနဲ့ချီတဲ့ တရုတ်နိုင်ငံက သစ်ထုတ် အလုပ်သမားတွေ၊
ကျောက်စိမ်းကုန်သည်တွေနဲ့ ရွှေတွင်းလုပ်ငန်းရှင် တွေအပါအ၀င် အရေအအတွက် ၂ထောင်ထက်မနည်း တဲ့ အရပ်သားတွေ စစ်ပွဲဇုန်ထဲ ပိတ်မိနေတယ်လို့ ကချင်ထောက်လှမ်းရေးအရာရှိအပြောကို ကိုးကားဖော်ပြ ပါတယ်။
ထိခိုက်သေဆုံးဒဏ်ရာရသူမရှိပေမယ့် ပိတ်မိနေသူတွေဟာ ရေနဲ့ အစားအစာ အနည်း ငယ်ပဲကျန်ရှိတော့ ပြီး ဆေးဝါးပစ္စည်းမရှိပဲ အလွန်ကို မလုံခြုံတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သတင်းကဆိုပါတယ်။
DVB

မှတ်ချက်များ