မေ့ခလာတိုင်ဖွန်းမုန်တိုင်း တရုတ်သို့ ချဉ်းကပ်နေ
မေ့ခလာအမည်ရှိ တိုင်ဖွန်းမုန် တိုင်း တရုတ်နိုင်ငံသို့ ချဉ်းကပ်နေရာမုန်တိုင်းနှင့် အတူလေပြင်းများတောင်
တရုတ်ပင်လယ်သို့ရွေလျား လာသည်ဟု တရုတ်အမျိုးသားမိုး လေဝသဌာန (NMC)က ဇန်နဝါရီ ၁၈ ရက်၌ ဆိုသည်။
မေ့ခလာ တိုင်ဖွန်းမုန်တိုင်း သည် ၂ဝ၁၅ ခုနှစ်၌ ပထမဆုံးတိုက် သော မုန်တိုင်းဖြစ်သည်။ ယင်းသည် ဖိလစ်ပိုင်သို့ ဇန်နဝါရီ ၁၇ ရက်မွန်း လွဲပိုင်း၌ ဝင်ရောက်တိုက်ခတ်ပြီး နောက် အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၁၅ ကီလိုမီတာမှ ကီ လိုမီတာ ၂ဝ နှုန်းဖြင့်ရွေ့လျားမည် ဟု ကနဦး ခန့်မှန်းထားခဲ့သည်။
ဟူအန်ကျန်ကျွန်းများ၊ ကျွန် ကျာကျွန်းများ၊ ရှီရှာကျွန်းများ၊ ထိုင် ဝမ်နှင့် ဖူကျန်ပြည်နယ်ကမ်းလွန်ရေပြင် ဝန်းကျင်တို့တွင် မုန်တိုင်းကြောင့် လှိုင်းကြီးမည်ဆိုသည်ကို NMC အရ သိရသည်။
Democracytoday

မှတ်ချက်များ