အမေရိကန် သမိုင်းမှာ အကျော်ကြားဆုံး စနိုက်ပါသမား သေနတ်ဖြင့် သေဆုံးခဲ့
အမေရိကန် သမိုင်းမှာ အကျော်ကြားဆုံး စနိုက်ပါသမား အဖြစ် သတ်မှတ်ခံထား ရတဲ့ ခရစ္စကယ်လီ ဟာ သေနတ်ဖြင့် သေဆုံး သွားခဲ့ ရတယ်လို့ ဒေးလီးမေးလ် သတင်း တစ်ရပ်မှာ ဖော်ပြထား ပါတယ်။ ခရစ္စကယ်လီဟာ အီရတ် စစ်မြေပြင်မှာ ရန်သူတွေကို စနိုက်ပါ သေနတ်နဲ့ ပစ်ခတ် နှိမ်နှင်းခဲ့ရမှာ လူပေါင်း (၂၅၅) ဦးသတ်ဖြတ်နိုင် ခဲ့တယ်လို့ သိရပါတယ်။ ခရစ္စကယ်လီဟာ သူ့ရဲ့အကြောင်းကို စာအုပ် အဖြစ်
ရေးသား ထုတ်ဝေခဲ့ ပါတယ်။ ဒီစာအုပ်ကို အမေရိကန် စနိုက်ပါလို့ အမည်ပေးထားပါတယ်။
ထူးခြားတာ ကတော့ ဒီစာအုပ်ကို အမေရိကန် ရုပ်ရှင် မင်းသားကြီး ကလင် အိစ်ဝုဒ်က ဒါရိုက်တာ အဖြစ်
ဆောင်ရွက်ပြီး ရုပ်ရှင်အဖြစ် အသက်သွင်း ခဲ့ရာမှာ အော်စကာဆု အတွက် ဆန်ခါတင် စာရင်းမှာ ပါဝင်ခဲ့ ပါတယ်။ အမေရိကန် စနိုက်ပါ ရုပ်ရှင် ဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အဲဒီကားထဲမှာ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ ခရစ္စ ကယ်လီရဲ့ အကြောင်း ကလည်း စိတ်ဝင်စားစရာ
ကောင်းခဲ့ပါတယ်။
ခရစ္စကယ်လီဟာ အမိန့်ကို နာခံတတ်သူ တစ်ဦးဖြစ်ပေမယ့် အီရတ်စစ် မြေပြင်မှာ အမျိုးသမီးတွေကို သေ နတ်နဲ့ ပစ်ရာမှာ ၀န်လေးနေသူ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်မှာ အမိန့် ကိုသာ နာခံရမှာ ဖြစ်လို့ သူ့အနေ နဲ့ ငြင်းဆန်လို့ မရခဲ့ပါဘူး။ ဗုံးတွေ တပ်ဆင် ထားတဲ့ အမျိုးသမီးတွေဟာ အသေခံ ဗုံးဖောက်ခွဲ မှုတွေ ပြု လုပ်တတ် ကြပြီး ဒီလိုမျိုး အခြေအနေကို ကြုံတွေ့ရ ပါက ခရစ္စကယ်လီဟာ စနိုက်ပါနဲ့ ပစ်ခတ် ဖြေရှင်းလေ့ ရှိ ပါတယ်။
ခရစ္စ ကယ်လီဟာ အီရတ်စစ် မြေပြင်မှာ ခြောက်နှစ်ကျော် ကာလအတွင်း (၂၅၅)ဦးကို စနိုက် ပါနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ တာမို့ အမေရိကန် စစ်သမိုင်း တစ်လျှောက်မှာ စနိုက်ပါနဲ့ အများဆုံး ပစ်ခတ်နိုင် သူ အဖြစ်မှတ်တမ်းဝင် သွားခဲ့ ပါတယ်။ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန် ကလည်း ခရစ္စကယ်လီ အနေနဲ့ စစ်မှုထမ်းစဉ် ကာလအတွင်းမှာ စနိုက်ပါနဲ့ (၁၆၀) ဦးကို ပစ်ခတ်နိုင်ခဲ့တယ်လို့ အတည်ပြုချက် ပေးထား ပါတယ်။
စနိုက်ပါ ရုပ်ရှင် ဇာတ်ကားမှာတော့ ခရစ္စကယ်လီရဲ့ နေရာမှာ မင်းသားဘရက် ဒလေကော့ပါး ပါဝင် သရုပ်ဆောင် ထားပြီး အကောင်းဆုံး သရုပ်ဆောင်ဆု ရရှိရန် ရေပန်းစားနေပါတယ်။ ခရစ္စကယ်လီဟာ ၂၀၀၉ အီရတ် စစ်မြေပြင်က အပြန်မှာ အငြိမ်းစားယူခဲ့ပါတယ်။ ဒီနောက် ၂၀၁၂ မှာ သူ့အကြောင်းကို စာအုပ် အဖြစ် ရေးသားခဲ့တာ ဖြစ်ပြီး၊ ဒါပေမဲ့ ၂၀၁၃ ဖေဖေါ်ဝါရီလ (၂) ရက်မှာတော့ စနိုက်ပါ သေနတ်ပစ် ရာမှာ အကျော်ကြားဆုံးလို့ နာမည်ကြီးခဲ့တဲ့ ခရစ္စကယ်လီဟာ သူငယ်ချင်း ဖြစ်သူရဲ့ သေနတ်ကြောင့် ကွယ် လွန်သွားခဲ့ ပါတယ်။
Messenger


မှတ်ချက်များ