ဗိုလ်ချုပ်ရာပြည့်ပွဲကျင်းပရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ဒီချုပ်အပေါ် ဝေဖန်မှုများရှိလျှင်လည်း ပူးပေါင်းဆောင်ရွက်ရန်ညွှန်ကြား
ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲများကျင်းပရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုး သားဒီမိုကရေစီအဖွဲ့ ချုပ်တို့အပေါ် ဝေဖန်တိုက်ခိုက်မှုရှိခဲ့သူများနှင့်လည်း ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြရေးကို
ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀၀) ပြည့်မွေးနေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီထံမှသတင်းရရှိသည်။
‘‘အရင်က ကျွန်တော်တို့ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစု ကြည်တို့အပေါ်မှာ အမြင်တစ်မျိုး မြင်တာမျိုးတွေ၊ ကျွန်တော်တို့အပေါ်မှာ ဝေဖန်တာမျိုးတွေ ဘယ်လိုပဲရှိခဲ့ရှိခဲ့ ကျွန်တော်တို့ ဒီနေ့အခါမှာတော့ ဗိုလ်ချုပ်
အောင်ဆန်းနဲ့ပတ်သက်လာတဲ့၊ ဗိုလ်ချုပ်အောင်ဆန်းအတွက် လုပ်တဲ့နေရာမှာ ကျွန်တော်တို့ ဒါတွေလုံးဝ စိတ်ထဲမှာမထားတော့ဘဲနဲ့ အားလုံးပူးပေါင်း လက်တွဲပြီးတော့ ညီညီညွတ်ညွတ်နဲ့လုပ်သွားမယ်ဆိုတဲ့ မူချ ထားပါတယ်’’ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၊ ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀၀) ပြည့်မွေးနေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဦးညီပုက ပြောသည်။
ယင်းသို့ ပူးပေါင်းဆောင် ရွက်မှုများပြုလုပ်သွားရန် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထား သည်ဟုဇန်န
ဝါရီ ၁၉ ရက်တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗိုလ်ချုပ်
အောင်ဆန်းနှစ်(၁၀၀)ပြည့်မွေးနေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီ သတင်းစာရှင်းလင်းပွဲတွင် ဦးညီပုကပြောကြားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းရာ ပြည့်ပွဲများကို လူထုစိတ်ပါဝင် စားမှုမြင့်တက်လာစေရန် စည်းရုံး လှုံ့ဆော်မှုများအား အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်က ပြုလုပ်သွား မည်ဖြစ်ကာ နှစ်(၁၀၀)ပြည့် အခမ်းအနားကို ရုပ်ရှင်နှင့်သ ဘင် ဂီတအနုပညာရှင်များအပါအဝင် ပြည်သူများပျော်ပွဲရွှင်ပွဲပြိုင်ပွဲများ ဆင်နွှဲနိုင်ရေး ကြိုးစားဆောင်ရွက် သွားမည်ဟုကျင်းပရေးဗဟိုကော်မတီထံမှ သတင်းရရှိသည်။
လက်ရှိအချိန်တွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ဗိုလ် ချုပ်ရာပြည့်ပွဲများ ကျင်းပနေသကဲ့သို့ ဗိုလ်ချုပ်
အောင်ဆန်းကို ချစ်မြတ်နိုးသူများကလည်း ဗိုလ်ချုပ်ရာပြည့်ပွဲများကျင်းပရန် စီစဉ်လျက်ရှိသည်။
ဗိုလ်ချုပ်ရာပြည့်ပွဲများကို ကျင်းပရာတွင် လူငယ်များအား ခေါင်းဆောင်ကောင်းဆိုသည်မှာ မည်သည့်ပုဂ္ဂိုလ် မျိုးဖြစ်သည်၊ လူငယ်များအနေဖြင့် ခေါင်းဆောင်ကောင်းဖြစ်ရန် မည်သို့ကျင့်ကြံနေထိုင်ရမည်ကို အတုယူ
စေချင်သည့်ပုံစံမျိုးဖြင့်သာ ကျင်းပကြရန် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားထားဖူးသည်။
လာမည့်ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့တွင် ဗိုလ်ချုပ်မွေးဖွားရာနတ်မောက်မြို့၌ ဗိုလ်ချုပ် ရာပြည့်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပရန်စီစဉ်နေသည်။
မြန်မာ့လွတ်လပ်ရေးခေါင်း ဆောင်ဗိုလ်ချုပ် အောင်ဆန်းသည်၁၉၁၅ ဖေဖော်ဝါရီ ၁၃ ရက်တွင် နတ်မောက် မြို့တွင်မွေးဖွားခဲ့ပြီး ၁၉၄၇ ဇူလိုင် ၁၉ရက်တွင် မသမာသူလူတစ်စု၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျဆုံး ခဲ့သည်။
ရန်မျိုးနိုင် | 7day

မှတ်ချက်များ