နိုင်ငံအနှံ့တွင် ၀ရမ်းပြေး တစ်သောင်းတစ်ထောင်ကျော်ရှိ


နိုင်ငံအနှံ့တွင် ရာ ဇ၀တ်မှုကျူးလွန်၍ ပြစ်ဒဏ်ချ မှတ်ခံရပြီး ထွက်ပြေးလွတ် မြောက်နေသည့် တရားခံပြေး (၀ရမ်းပြေး) တစ်သောင်းတစ် ထောင်ကျော် ရှိနေကြောင်း သတင်းရရှိသည်။

ယခုလ ၂၀ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် မေးမြန်းသည့် တရားခံပြေးများနှင့် ပတ်သက် သော မေးခွန်းကို ပြည်ထဲရေး ၀န် ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူး ချုပ် ကျော်ကျော်ထွန်းက ပြန်လည် ဖြေကြားရာတွင် အထက်ပါအတိုင်း
ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းနှင့် ပြည်နယ် ၁၄ ခုရှိ ထွက်ပြေးလွတ်မြောက်နေသော တရားခံစာရင်းများတွင် ရန်ကုန် တိုင်း၌ အများ ဆုံးဖြစ်ပြီး တရားခံ ၂,၄၀၀ ကျော်လွတ်မြောက်နေဆဲ ဖြစ်ကာ ပဲခူးတိုင်းတွင် ၁,၇၀၀ ကျော်၊ မန္တလေးတိုင်း တွင် ၁၅၀၀ ကျော် လွတ်မြောက်လျက်ရှိ ကြောင်း ဒုတိယ၀န်ကြီးကပြော သည်။‘‘ဒီတရားခံတွေ လွတ်
မြောက်နေခြင်းရဲ့ နောက်ဆက်တွဲအဖြစ် စိတ်မချမ်းသာစရာ သတင်းတွေ ကြားနေရတယ်။ သူတို့က ထွက်ပြေးပြီးရင် ပြစ်မှုတွေ

ကို ထပ်ထပ်ပြီး ကျူးလွန်နေကြ တယ်။ အခုနောက်ပိုင်းသက်ကြီး ရွယ်အိုတွေကိုသတ်ပြီး လက်ဝတ် ရတ နာတွေ ယူသွားတဲ့ မှုခင်း တွေကလည်း တော်တော်များလာ တယ်။ လုယက်မှု၊ ဓားပြမှုတွေကလည်း ပိုများ လာတယ်’’ဟု ဒေါ်ခင်စန်းလှိုင်ကပြောသည်။

တရားခံပြေး ဖမ်းဆီးရေး လုပ်ငန်းများကို မိမိတို့အနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်နေပြီး ၂၀၁၁ မှ ၂၀၁၄ အထိ လေးနှစ် တာ ကာလအတွင်း တရားခံပြေး ၆,၄၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒုတိယ ၀န်ကြီးက ပြောသည်။ ပြည်သူလူထုအနေဖြင့် တရားခံပြေးများကို လက်သင့်ခံခြင်း၊ ရဲတပ်ဖွဲ့သို့ သတင်း
ပေးရန် ပျက်ကွက်ခြင်း စသည့် ကိစ္စရပ် များ ကျူးလွန်ပါက ပြစ်မှုဆိုင် ရာဥပဒေပုဒ်မ ၁၃၆၊ ၂၁၂၊ ၂၁၃၊ ၂၁၄၊ ၂၁၆၊ ၂၁၆ (က)တို့ဖြင့် အရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါကိစ္စကို ထိရောက် စွာ ဆောင်ရွက်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများအထိ အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါ ကြောင်း ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း ကပြောသည်။

မင်းဟိန်းကျော် | 7day




မှတ်ချက်များ