ဗိုလ်တထောင်တွင် အားကစားလုပ်ရင်း အပန်းဖြေနိုင်မည့် ဆိပ်ကမ်းပန်းခြံတစ်ခု ကျပ်သိန်းတစ်ထောင်ကျော်သုံး၍ တည်ဆောက်ရန် စီစဉ်

လွတ်လပ်ရေး ကျောက်တိုင်ရှိရာ ဗန္ဓုလပန်းခြံမြင်ကွင်းတစ်ခု
ရန်ကုန်မြို့၌ အားကစား လုပ်ရင်း မြစ်ကမ်းဘေးတွင်အပန်းဖြေနိုင်သော ဆိပ်ကမ်းပန်းခြံကို လာမည့်နှစ်၌ အသစ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းကို ဗိုလ်တထောင်မြို့ နယ်ကားကြီးဝင်း (YCDC)နှင့် ကမ်းနားလမ်းကြားရှိ မြေ အကျယ်အလျား ၇၇၀ပေ၊ အနံ ၂၈၀ပေရှိ မြေနေရာ၌ တည်ဆောက်သွားမည်ဖြစ်သည်။

‘‘လာမယ့်နှစ်မှာ အဲဒီအသစ် တစ်ခု တည်ဆောက်သွားမှာ။ လက်ရှိမှာတော့ ရန်ကုန်မှာ အဲဒီ လိုပန်းခြံမျိုးမ ရှိသေးပါဘူး။ အခု ဒီဇိုင်းဆွဲနေတယ်။ ပန်းခြံကို ဝင် ကြေးအခမဲ့စီစဉ်ပေးသွားမှာပါ’’ ဟု ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက
ပြောကြားသည်။

အဆိုပါဆိပ်ကမ်းပန်းခြံ (Harbour)အတွက် ဘတ်ဂျက် ငွေသိန်း ၁,၀၅၀ သုံးစွဲသွားမည်ဖြစ်ပြီး လေညင်းခံ
နေရာ၊ စိမ်းလန်းသော မြက်ခင်းဧရိယာများ၊ သစ်တောအုပ်လေးသဖွယ် ပြုလုပ်ထားသည့် သစ်ပင်များနှင့် ကမ်းနား၌ Reataining Ballများထည့်သွင်းသွားမည်ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး၌ ပန်းခြံပေါင်း ၆၃ ခုရှိ ပြီး ယခုထပ်မံတည်ဆောက်မည့် အဆင့်မီဆိပ် ကမ်းပန်းခြံနှင့်ဆို လျှင် ၆၄ ခုရှိလာမည် ဖြစ်သည်။

ထိုကဲ့သို့ နိုင်ငံတော်အစိုးရက အဆင့်မီပန်းခြံများပြုလုပ်ပေးခြင်းမှာ ပြည်သူများအတွက် ကောင်းမွန်သော် လည်း အချိန်ကန့်သတ်ထားမှုများကြောင့် အပန်းဖြေရာ၌ အခက်အခဲများရှိနေကြောင်း ပြည်သူအချို့က ပြော သည်။

‘‘ဒီလိုမျိုးပန်းခြံလုပ်တာ တော့ ကောင်းတာပေါ့။ အဲဒီလို မျိုးအမှန်ဆိုရင်တော့ အချိန်တိုး ဖွင့်သင့်တယ်။ ၆ နာရီပိတ်တာ တော့ စောလွန်းပါတယ်။ ညနေ ပိုင်းက ရုံးသမားတွေ၊ အလုပ် သမားတွေ ရုံးဆင်းချိန်မှာ
လေ ကောင်းလေသန့်ရှူတာတို့၊ အား ကစားလုပ်တာတို့ လုပ်ကြမှာဆို တော့ ၈ နာရီလောက်အထိဖွင့်
ပေးနိုင်ရင် ပိုအဆင်ပြေတယ်’’ ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။

ယမင်း ၊ ဖြူဖွေးသန့် | 7day



မှတ်ချက်များ