![]() |
| ဓါတ်ပုံ - ဘီဘီစီ မြန်မာ facebook |
ပေးတာ မကျေနပ်ဘူး အပါအဝင် သူအောင်မြင်ကျော်ကြားတဲ့ သီချင်း ၄ပုဒ်နဲ့ သူ့ရဲ့ဂီတဖျော်ဖြေပွဲကို ဇန်န ဝါရီ ၂၃မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။
30 Dreams Connie ဂီတဖျော်ဖြေပွဲမှာတော့ အဆိုတော် ဟေမာနေဝင်း၊ ချစ်ကောင်း၊ ခင်မြတ်မွန်၊ ထွန်း အိန္ဒြာဗိုလ်၊ ဇော်ဝင်းရှိန်၊ နီနီခင်ဇော်၊ ဘိုဘို၊ စည်သူလွင်၊ ဖိုးကာ၊ R ဇာနည်၊ ချောစုခင်၊ ဆုန်သင်းပါရ် စတဲ့ အဆိုတော်တွေကလည်း ကော်နီရဲ့ ဂီတသက်တမ်း နှစ် ၃ဝပြည့်အတွက် ဂုဏ်ပြုသီဆိုပေးခဲ့ကြပါတယ်။
ပထမစီစဉ်တုန်းက သီချင်း ၄၅ပုဒ်လောက်ဆိုဖို့ မှန်းထားပေမယ့် ကူညီသီဆိုပေးမယ့် အဆိုတော်တွေကများ လို့ အပုဒ် ၃ဝလောက် ဆိုမှာပါလို့ ကော်နီက ပြောပါတယ်။ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကို အရမ်းအား နာပြီး သူချစ်တဲ့ ပရိသတ်တွေအတွက် Free Show တစ်ပွဲလုပ်နိုင်အောင်လည်း ကြိုးစားဦးမယ်လို့ ဆိုပါ တယ်။ မအိုသေးရင်တော့ 40 Dreams Connie ပွဲကို ဆက်လုပ်ကြတာပေါ့လို့ ပြောပါတယ်။
အမျိုးသားဇာတ်ရုံအပြည့် ပရိသတ်တွေ ရာပေါင်းများစွာ အားပေးခဲ့တဲ့ ဒီပွဲမှာတော့ ကော်နီရယ်လို့ တစ်နိုင်ငံ လုံး သိသွားအောင် အောင်မြင်ကျော်ကြားခဲ့တဲ့ တာဇံသီချင်းကို Performance တွေနဲ့ အထူးတင်ဆက်ခဲ့သ လို ကတိပေးထားတဲ့အတိုင်း ကိုကိုချစ်သီချင်းကိုဆိုပြီး နှုတ်ဆက်ဖျော်ဖြေခဲ့ပါတယ်။
ကော်နီနဲ့တွဲဆိုရမယ့် သီချင်းအတွက် ရင်တွေခုန်နေတယ်လို့ ပြောလာတဲ့ အဆိုတော် ဆုန်သင်းပါရ်က ပွဲမစ ခင်ကတည်းက ပရိသတ်တွေအများကြီးရောက်နေသလို ကော်နီဟာ တကယ်ဝမ်းစာပြည့်တဲ့အဆိုတော်မို့ ပရိသတ်က နေရာပေးထားတယ်ဆိုတာ သိသာတယ်လို့ ပြောပြပါတယ်။
တွဲဖက်ဆိုနေကျ Super Star က သန်းသန်းနွယ်ကလည်း ညီအစ်မလိုခင်လို့ လာအားပေးတာဖြစ်ပြီး ကိုကို ချစ်၊ အမိန့်တွေပေးတာ မကျေနပ်ဘူး သီချင်းတွေကတည်းက စပြီး ကြိုက်လို့အားပေးခဲ့တာကြောင့် ဒီပွဲကြီး
အောင်မြင်ဖို့ ဆုတောင်းပေးခဲ့ပါတယ်။
kamayutmedia

မှတ်ချက်များ