ဆိုဖာထိုင်ခုံ ကို ရေခဲပြင်စကိတ် အသွင် ဖန်တီးပြီး စီးနင်းခဲ့သူ
ဆိုဖာထိုင်ခုံ ကို ရေခဲပြင်စကိတ် အသွင် ဖန်တီးပြီး စီးနင်းခဲ့သူဟာ ရဲစခန်း မှာ စစ်ဆေးမေးမြန်းခံနေရတယ် လို့ သိရပါတယ်။အသက် ၂၃ နှစ်အရွယ် Alexander က သူ့ အိမ်မှာ ပိုနေတဲ့ ဆိုဖာထိုင်ခုံဟောင်းတစ်လုံး ကို လွှင့်ပစ်ဖို့ ထွက်လာစဉ် သူ့ရဲ့ ကားနဲ့မဆန့်တဲ့ အဲ့ဒီ ဆိုဖာထိုင်ခုံအား ကားနှင့်တရွတ်တိုက်ဆွဲပြီး နှင်း
တွေ အေးခဲစွာဖုံးလွှမ်းနေသော ကားလမ်းမပေါ်တွင် ရေခဲပြင် စကိတ်အသွင် စီးနင်းလာပုံကို သူ့သူငယ် ချင်း တစ်ယောက်က ဗီဒီယို ရိုက်ကူးထားခဲ့ရာ ထိုဗီဒီယို ကြောင့် ရဲတပ်ဖွဲ့ က သိရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် Alexander နဲ့ သူ့သူငယ်ချင်းဟာ Krasnoyarsk မြို့က ကားပါကင်မှာ ပြိုင်ကားမောင်းတဲ့ အဖွဲ့တွေ ရဲ့ Drift ဆွဲပွဲ မှာလည်း ၀င်ရောက်ပြီး Drift ဆွဲခဲ့ကြတယ်လို့ သိရပါတယ်။ Drift ဆွဲနေစဉ် မှာလည်း ထို ဆိုဖာထိုင်ခုံကို ကားမှာ ချိတ်ဆွဲထားခဲ့ပါသေးတယ်။
Trend Myanmar

မှတ်ချက်များ