နိုင်ငံတကာဖက်ရှင်သီတင်းပတ် ၃ရက်ကြာ ခမ်းခမ်းနားနား ကျင်းပမယ်


မြန်မာ့ဖက်ရှင်လောကနဲ့ ဖက်ရှင်ပရိသတ်တွေအတွက် အမြင်ကျယ်တိုးတက်စေဖို့ နိုင်ငံတကာက ဖက်ရှင် ဒီဇိုင်နာတွေ၊ မော်ဒယ်တွေ ပါဝင်တင်ဆက်ကြမယ့် Myanmar International Fashion Week 2015 ကို လာမယ့် ဖေဖော်ဝါရီ ၆ရက်နေ့ကစပြီး ၃ရက်ကြာ ရန်ကုန်Dagon City 1 မှာ ခမ်းခမ်းနားနား ကျင်းပတော့ မှာဖြစ်ပါတယ်။ ဝေဖန်ရှုတ်ချချင်သူတွေကို ဂျွန်လွင် ဘာပြောခဲ့သလဲ။

နိုင်ငံတကာက မော်ဒယ်တွေအပြင် မြန်မာ မော်ဒယ် ၁၂ဝလောက် ပါဝင်မယ့် ဒီနိုင်ငံတကာဖက်ရှင်သီတ င်းပတ်မှာ ပြည်တွင်းပြည်ပ ဒီဇိုင်နာ ၁၂ယောက်ရဲ့ လက်ရာတွေကို ပါဝင်ပြသသွားမှာဖြစ်ပြီး ခေတ်ရေ စီကြောင်း ပြောင်းလဲနေတာကို ဂရုစိုက်ပြီးမှာ ဝေဖန်စေချင်တယ်လို့ စီစဉ်သူ ဂျွန်လွင်က ပြောပါတယ်။

မြန်မာပရိသတ်တွေက အားပေးဖို့ထက်ရှုတ်ချပြစ်တင်ဖို့က ပိုများကြတာကြောင့် သေသေချာချာ လေ့လာ ပြီးမှ ဝေဖန်စေချင်သလို ဖက်ရှင်နဲ့ရုပ်ရှင်လောကကို ခွဲခြားနားလည်ပြီး ပရော်ဖက်ရှင်နယ်ကျဖို့ ပြည်ပမော် ဒယ်တွေဆီက သင်ယူစေချင်တယ်လို့ ဂျွန်လွင်က ဆိုပါတယ်။

ဒီဇိုင်နာ ၁၂ယောက်ဟာ တစ်ရက်ကို ၄ယောက်နှုန်းနဲ့ သူတို့ဖန်တီးထားတဲ့ လက်ရာတွေကို ပြသမှာဖြစ်ပြီး ဒီပွဲမှာ ပါဝင်ပြသမယ့် ဒီဇိုင်နာ ဖြိုးပြည့်ကတော့ ဥရောပဖက်ရှင်ဆန်ဆန် ရိုးရှင်းပြီး မိန်းမဆန်တဲ့ ဒီဇိုင်းတွေ ကို ဖန်တီးထားတယ်လို့ ပြောပါတယ်။ ပရိသတ်အမြင်လည်း မရိုင်းစေချင်ဘူးလို့ ဆိုပါတယ်။

၃ရက်ကြာ ကျင်းပမယ့် ဖက်ရှင်သီတင်းပတ်ကို ဂျွန်လွင်တာဝန်ယူစီစဉ်တာ ၃ကြိမ်မြောက်ဖြစ်ပြီး အခုပွဲမှာ
တော့ ရွှေမှုန်ရတီ၊ မိုးဟေကို၊ မေ၊ သန္တာဗိုလ်၊ ခင်နန်းထိုက် စတဲ့ နာမည်ကြီး သရုပ်ဆောင်နဲ့ မော်ဒယ်တွေ ပါဝင်မှာလို့ ဆိုပါတယ်။

နိုင်ငံတကာဖက်ရှင်ပွဲတွေမှာ ဖက်ရှင်ကိုအဓိကထားတဲ့ ရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်မှုတွေကို အတုယူရမယ် လို့ ပြောတဲ့ မိတ်ကပ်လင်းလင်းက မြန်မာအများစုဟာ လှတာကိုအဓိက ထားကြပေမယ့် ဘယ်နေရာသွား သွား ဖက်ရှင်ကျနေဖို့ကသာ အရေးကြီးပါတယ်လို့ ဆိုပါတယ်။



kamayutmedia


မှတ်ချက်များ