မြန်မာပြည်မှာ အားမလိုအားမရဖြစ်နေကြသူတွေက အများစုပါ
မြန်မာ့လူနေမှုဘဝပုံစံနဲ့ လူ့အဖွဲ့အစည်းကို ပြင်ပကမ္ဘာက ဓာတ်ပုံပညာရှင်တစ်ယောက်ရဲ့ ရှုထောင့်က အမြင်တွေနဲ့ ဖော်ကျူးထားတဲ့ အရုဏ်ဦးမြန်မာ Daybreak in Myanmar ဆိုတဲ့ ဓာတ်ပုံစာအုပ် ဖန်တီးခဲ့သူ အမေရိကန်ဓာတ်ပုံပညာရှင်က ဇန်နဝါရီ ၁၉ရက်နေ့က ဗြိတိသျှကောင်စီမှာ ဟောပြောပွဲ လုပ်ခဲ့ပါတယ်။ သူက မြန်မာပြည်ကို ဘယ်လိုမြင်သလဲ။
မြန်မာပြည်သူအများစုဟာ ဒေါသထွက်ပြီး ဆူညံဆူညံနဲ့ သူတို့ဖြစ်ချင်တာမျိုးပြောဆိုတာ သိပ်မတွေ့ရပေ မယ့် အများစုကတော့ ဒီကနေ့ဖြစ်ပေါ်ပြောင်းလဲနေတဲ့အပေါ် အားမလိုအားမရဖြစ်နေကြပြီး မျှော်လင့်ထား သလောက် တိုင်းပြည်ဟာ မပြောင်းလဲသေးဘူးလို့ အများစုက ခံစားနေကြတယ်လို့ Geoffrey Hiller က ဆိုပါတယ်။ မြန်မာပြည်ဟာComplain မလုပ်တဲ့နိုင်ငံလို့ သူကအရွှမ်းဖောက်ပြီး တင်စားခဲ့ပါတယ်။
ဓာတ်ပုံကိုဖန်တီးရာမှာ သတင်းဓာတ်ပုံဖြစ်ရုံတစ်ခုတည်းမဟုတ်ဘဲ တီထွင်ဖန်တီးမှုနဲ့ အနုပညာဆန်ဆန် သူ့ရဲ့ဓာတ်ပုံစာအုပ်ထဲ ဖော်ပြထားတာတွေဟာ အနုပညာမြောက်အောင် ရိုက်ကူးထားတာဖြစ်ပြီး ဓာတ်ပုံ
တွေဟာ လူတွေအကြောင်း ပိုပြောနိုင်တာမို့ အတိတ်တစ်ချိန်က မြန်မာပြည်ပုံရိပ်ကို ရောင်ပြန်ဟပ်နိုင်မယ် လို့ ဆိုပါ တယ်။
သူဟာ ၁၉၈၇လောက်စလို့ မြန်မာပြည်ကို အကြိမ်ကြိမ်လာရောက်ခဲ့ပြီး မြန်မာလူမျိုးတွေရဲ့ လူနေမှုဘဝ
တွေကို မှတ်တမ်းအဖြစ်ရိုက်ခဲ့တဲ့အကြောင်း၊ အဲဒီထဲကမှ စိတ်ဝင်စားဖို့အကောင်းဆုံး ပုံ ၁၇ဝကို စုစည်းပြီး Daybreak in Myanmar ဆိုတဲ့နာမည်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာမှာ စာအုပ်ထုတ်ခဲ့ပါတယ်။
Geoffrey Hiller ရဲ့လက်ရာတွေကို Geo Newsweek, Mother Jones နဲ့The New York Times တွေ က ဖော်ပြခဲ့ပါတယ်။ သူမြန်မာပြည် ရောက်နေချိန်မှာ ဒီစာအုပ်နဲ့ပတ်သက်လို့ ဓာတ်ပုံပညာရှင်တွေ၊ ဓာတ် ပုံကို စိတ်ပါဝင်စားသူတွေ သိရှိဖို့ အခုလို ဟောပြောပွဲစီစဉ်တာပါလို့ မယမင်းညီညီက ဆိုပါတယ်။
kamayutmedia

မှတ်ချက်များ