ebay လို အွန်လိုင်းပေါ်ကအရောင်းအဝယ် မြန်မာအတွက်Kaymu.com.mm


မြန်မာပြည်ရဲ့ အွန်လိုင်း ဦးဆောင်ဈေးကွက်တစ်ခုဖြစ်တဲ့ kaymu.com.mmဟာ မိုဘိုင်းလ်ဈေးကွက် ချဲ့
ထွင်ဖို့အတွက် သူတို့ရဲ့ kaymu Mobile App ကို ဇန်နဝါရီ ၂ဝရက်နေ့က ရန်ကုန်မြို့ M3 စားသောက် ဆိုင်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ အွန်လိုင်းပေါ်ကနေ ဈေးကွက်တစ်ခုဖြစ်လာဖို့က မြန်မာပြည်မှာ အဆင် သင့် ဖြစ်ပြီလား။

နိုင်ငံခြားဆက်သွယ်ရေး အော်ပရေတာတွေဖြစ်တဲ့ Ooredoo နဲ့ တယ်လီနောတို့ ဝန်ဆောင်မှုတွေ စတင် ချိန်မှာတော့ အင်တာနက်မြန်နှုန်းတွေ ကောင်းလာသလို အင်တာနက်ကို မိုဘိုင်းလ်ဖုန်းတွေကနေ သုံးစွဲမှု က မြင့်တက်လာနေလို့ Mobile App ကို ထုတ်လုပ်မိတ်ဆက်လိုက်တာပါလို့ ဆိုပါတယ်။

မြန်မာပြည်ဟာ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်နေတာကြောင့် မကြာခင်မှာပဲOnline Shopping ဈေးကွက်ဟာ အကောင်းဆုံးနေရာတစ်ခု ဖြစ်လာမှာဖြစ်တဲ့အကြောင်း၊ အင်တာနက်လိုင်းတွေ မြန်ဆန်လာတာမို့ စိန်ခေါ် မှုတွေအများကို ဖြတ်ကျော်ခဲ့ရတယ်လို့လည်း ပြောပါတယ်။

သူတို့ရဲ့ Mobile App ဟာ ဖုန်းပေါ်ကနေ ဈေးရောင်းဈေးဝယ်လုပ်နိုင်ပြီး ရောင်းသူနဲ့ဝယ်သူကြား ဆုံတွေ့ 
ပေးတဲ့ နေရာဖြစ်တာမို့ Ooredoo ပဲသုံးသုံး၊MPT ပဲသုံးသုံး၊ တယ်လီနောပဲဖြစ်ဖြစ် ကြိုက်သလို ချိတ်ဆက်
နိုင်တယ်လို့ ဆိုပါတယ်။

ပစ္စည်းရောင်းချင်သူတွေအတွက် သူတို့ရဲ့ပစ္စည်းကို တင်ရောင်းလို့ရပြီး သူတို့ကိုယ်တိုင်ကတော့ ထုတ် လုပ်ရောင်းချတဲ့ ကုန်ပစ္စည်းမရှိဘဲ သူတို့kaymu.com.mm ကနေ ပစ္စည်းဝယ်မယ်လို့ အတည်ပြုချက်ရှိမယ် ဆိုရင်၊ ရောင်းတဲ့သူကလည်း ကိုယ်တိုင်လိုက်မပို့နိုင်ရင်လည်း သူတို့က တစ်နိုင်ငံလုံးကို လိုက်လံပို့ဆောင် တဲ့စနစ် ဝန်ဆောင်မှုပေးပါတယ်လို့ ဆိုပါတယ်။



kamayutmedia


မှတ်ချက်များ