ကိုရီးယားနိုင်ငံမှာ Asia Festival ပွဲ တက်ရောက်နေတဲ့ ထွန်းကိုကိုက အချစ်ရေးကို ခေါင်းထဲက ထုတ်ထားလိုက်ပြီလို့ ဆို



ဒီနှစ်သင်္ကြန် မန္တလေးမှာ သီချင်းဆိုရင်း ဖြတ်သန်းခဲ့တဲ့ ထွန်းကိုကိုက သင်္ကြန်အတွင်းမှာလည်း နာရေးကူ ညီမှု အသင်းမှာ ရှိတဲ့သူတွေကိုလည်း နေ့ဆွမ်းလှူဒါန်းခဲ့တယ်လို့ ဆိုလာပါတယ်။ လတ်တလောမှာ ထွန်း ကိုကိုဟာ ကိုရီးယားကို ရောက်ရှိနေပြီဖြစ်ပြီး ကိုရီးယားသွားရတဲ့ အကြောင်းကိုတော့ သူက “အဲ့ဒါက ဖူဆန် ရုပ်ရှင်ပွဲတော်ရယ်၊ Asia New Star မော်ဒယ်ပြိုင်ပွဲရယ်၊ Asia Fastival ဆိုတဲ့ပွဲရယ် ၃ ပွဲပေါ့။ အဲ့ဒီပွဲတွေ လာတက်တာပါ။ Asia Fastival က အောင်ရဲလင်းနဲ့ မိုးဟေကိုပါ ပါတယ်။ 

ကျန်တဲ့ပွဲတွေကတော့ ကျွန်တော်တစ်ယောက်တည်း တက်မှာပေါ့။ ပြီးတော့ ဂျယ်ဂျူကျွန်းလဲ သွားလည် မယ်။ ဒီမှာ တစ်ပတ်လောက်တော့ကြာမယ်။ ကျွန်တော်က ကိုရီးယား Association၊ မြန်မာရဲ့ သံတမန် တစ်ယောက်လဲဖြစ်တယ်။ သူတို့ရဲ့ Member ၀င်တစ်ယောက်လဲဖြစ်တဲ့အတွက် ဖိတ်တာပါ”တဲ့။

အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတောလည်း ထွန်းကိုကိုဟာ အပြင်တိုက်တွေနဲ့ စရိုက်နေပြီလို့ သိရတဲ့ အတွက် မေးကြည့်လိုက်တဲ့ အခါမှာတော့ “ခု ရွှေစင်ဦးနဲ့ ရိုက်ဖြစ်တယ်။ မဟာထွန်းနဲ့ ရိုက်ဖြစ်တယ်ပေါ့။ အရင်က ရိုက်ခဲ့တဲ့ ကားတွေက ထွက်ရင်လဲ ထွက်လာမယ်။ မထွက်ရင်လဲ မထွက်တော့ဘူးပေါ့။ အဲ့ဒီ ကားတွေက ကျွန်တော်ကိုရီးယားကပြန်လာပြီး ဇာတ်ကားတွေ စရိုက်ပြီဆိုတုန်းက သူတို့နဲ့ ၃ နှစ် စာချုပ် ချုပ်ပြီး ရိုက်ခဲ့တာပေါ့။ အခု တစ်နှစ်ပဲရှိသေးတယ်။ စာချုပ်ပျက်သွားတော့ အပြင်တိုက်တွေနဲ့စရိုက် တာပေါ့။”လို့ သူက ပြောပါတယ်။

လက်ရှိ မင်းသမီးတစ်ယောက်နဲ့ချစ်ကြိုက်နေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီးတော့လည်း သူက “အဲ့ဒါ က မဟုတ်တော့ပါဘူး။ ဘယ်လိုပြောရမလဲ မဟုတ်တော့တာလို့ပြောရမလား။ မဟုတ်ဘူးလို့ ပြောရမ လားလို့တောင် မသိတော့ပါဘူး။ အချစ်ရေးကတော့ ခေါင်းထဲကထုတ်ထားလိုက်ပြီ။ အနုပညာအလုပ်ကိုပဲ ဦးစားပေးပြီး လုပ်တော့မယ်”တဲ့။

ခင်ဆွေသက် - Trend Myanmar

မှတ်ချက်များ