ရေဓါတ်ခမ်းခြောက်မှုကြောင့် ဆေးရုံတင်ထားရတဲ့ Blues ဂီတ ရဲ့ ဂန္တ၀င် ဂစ်တာသမားကြီး B.B.King






Blues ဂီတ ရဲ့ ဂန္တ၀င် သူရဲကောင်းတစ်ယောက်ဖြစ်တဲ့ B.B.King ဟာ သူ့ရဲ့ ဆီးချိုရောဂါကြောင့် လတ်စ် ဗီးဂတ်စ် ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၈၉ နှစ်ရှိနေပြီဖြစ်တဲ့ ဂစ်တာသမားကြီး B.B.King ဟာ သူ့ရဲ့ ဆီးချိုသွေးချို ရောဂါက တစ်ဆင့် ရေဓါတ် ခမ်းခြောက်ခဲ့တာ ဖြစ်တယ်လို့ သူ့ရဲ့ သမီးဖြစ်သူကဆိုပါတယ်။

“အဖေ ဆေးရုံတင်ရတယ်ဆို ရေဓါတ်ခမ်းခြောက်သွားလို့ပါ။ သူအခုတော့ သက်သာလာပါပြီ။ သူ့ရဲ့ရောဂါ က အမျိုးအစား ၂ ဆီးချိုသွေးချို ရောဂါ ပါ လို့” B.B King ရဲ့ သမီးဖြစ်သူ Claudette က LA Times သတင်း ဌာနကို ဆိုပါတယ်။

သူဟာ အရင်က မြင်းစီးသား လုပ်ခဲ့စဉ်က အသုံးပြုခဲ့တဲ့ အမည် Beale Street Blues Boy ဆိုတဲ့ အမည် ထဲ Blues Boy ကို B.B အဖြစ် သူ့ရဲ့ အနုပညာ အမည်မှာ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၉၈၇ ခုနှစ်မှာ Rock and Roll Hall of Fame သို့ ပါဝင်ခွင့်ရခဲ့ပြီး ဂရမ်မီ ဆန်ခါတင် အဖြစ် အကြိမ် ၃၀ သတ် မှတ်ခံခဲ့ ရပါတယ်။

B.B.King ဟာ မနှစ်က ချီကာဂို မှာ ပြုလုပ်တဲ့ ဖျော်ဖြေပွဲတစ်ခုအတွင်း ရေဓါတ်ခမ်းခြောက်မှုကြောင့် ဖျားနာ ခဲ့ပြီး သူ့ရဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေ အားလုံးကို ပယ်ဖျက် ခဲ့ရတာပဲ ဖြစ်ပါတယ်။

Mario - Trend Myanmar

မှတ်ချက်များ