![]() |
| Photo - MFF |
ကြောင်း သိရသည်။
မြန်မာအမျိုး သမီးအသင်းအသင်းအား ပဏာမကစား သမား ၂၅ဦးဖြင့် ဖွဲ့စည်းပြီး လေ့ကျင့် မှုများ ပြုလုပ်ကာ မြန်မာအမျိုးသမီး နည်းပြ ဒေါ်သက်သက်ဝင်းက နည်းပြချုပ်အဖြစ် တာဝန်ယူသွားမည် ဖြစ်ကြောင်းသိရ သည်။ မြန်မာအမျိုးသမီး အသင်းသည် ပြိုင်အကြို ပြင်ဆင်မှု အဖြစ်ထိုင်းနိုင်ငံ သို့သွားရောက် နေထိုင်လေ့ ကျင့် သွားမည်ဖြစ်ပြီး ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားသွား မည်ဟု တာဝန်ရှ်သူတစ်ဦးက ပြောကြားသွားခဲ့ သည်။ ယင်းနောက် ထိုင်းနိုင်ငံမှ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဗီယက်နမ် နိုင်ငံသို့ ဆက်လက်ထွက် မည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသမီးအသင်းသည် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် အုပ်စု(ခ)၌ အိမ်ရှင် ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင် တို့နှင့်အတူကျရောက် နေသည်။ အုပ်စုအဖွင့် ပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးအသင်းသည် မေလ ၂ရက်နေ့တွင် အိမ်ရှင် ဗီယက်နမ် အမျိုးသမီး အသင်းနှင့် စတင်ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး မေလ ၄ရင်နေ့ တွင် ဖိလစ်ပိုင်၊ မေလ ၆ရက်နေ့တွင် မလေးရှားတို့နှင့် အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစား သွားရ မည်ဖြစ်သည်။ အုပ်စု(က)တွင် ထိုင်း၊ သြစတြေးလျယူ-၂၀၊ အင်ဒိုနီးရှား၊ လာအိုတို့အတူ ကျရောက်နေသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အုပ်ချုပ်/နည်းပြ စာရင်း
--------------------------------------------------------
အုပ်ချုပ်သူ - ဒေါ်မြတ်မြတ်ဦး
နည်းစနစ် အကြံပေး - ဦးအေးမောင်
နည်းပြချုပ် - ဒေါ်သက်သက်ဝင်း
နည်းပြ - ဒေါ်စမ်းစမ်းသိန်း
ဂိုးနည်းပြ - ဦးကိုကိုအောင်
အသင်းဆရာဝန် - ဒေါက်တာ မွန်မွန်ခိုင်
Physiotherapist - ဒေါ်ပြုံးပန်းအိ
မီဒီယာ အရာရှိ - ဦးနေမျိုးကျော်
မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း ပဏာမ လူစာရင်း
--------------------------------------------------
ဂိုး - မြဖူးငုံ (အားကစား ၀န်ကြီးဌာန)၊ ခင်သီတာအေး (အားကစား ၀န်ကြီးဌာန)၊ သန္တာဦး (မြ၀တီ အက်ဖ်စီ)
နောက်တန်း - ခင်သန်းဝေ (မြ၀တီ အက်ဖ်စီ)၊ ဇင်မာဝင်း (ပြည်ထဲရေး ၀န်ကြီးဌာန)၊ ဖူးပွင့်ခိုင် (ပြည်ထဲရေး ၀န်ကြီးဌာန)၊ ဝေေ၀အောင်
(အားကစား ၀န်ကြီးဌာန)၊ ဇာခြည်ဦး (မြ၀တီ အက်ဖ်စီ)၊ အေးအေးမိုး (မြ၀တီ အက်ဖ်စီ)၊
အလယ်တန်း - စန်းစန်းမော် (ပြည်ထဲရေး ၀န်ကြီးဌာန)၊ သန်းသန်းထွေး (ပို့ဆောင်ရေး ၀န်ကြီးဌာန)၊ ခင်မိုးဝေ (ပြည်ထဲရေး ၀န်ကြီးဌာန)၊
နော်အားလိုဝါးဖော (ပြည်ထဲရေး ၀န်ကြီးဌာန)၊ မေစံပါယ်ဖူး (မြ၀တီ အက်ဖ်စီ)၊ နီလာမြင့် (ပြည် ထဲရေး ၀န်ကြီးဌာန)၊ နီလာဝင်း (ကိုယ်ပိုင်လုပ်
ငန်း)၊ ရူပါခိုင် (မြ၀တီ အက်ဖ်စီ)၊ နန်းကြေးငုံ (ပို့ဆောင်ရေး ၀န်ကြီးဌာန)၊ လဲ့လဲ့လှိုင် (ကိုယ်ပိုင်လုပ်ငန်း)၊ ငယ်ငယ်ထွေး (ပြည်ထဲရေး ၀န်ကြီး
ဌာန)
ရှေ့တန်း - ရီရီဦး (အားကစား ၀န်ကြီးဌာန)၊ ခင်မာလာထွန်း (အားကစား ၀န်ကြီးဌာန)၊ ၀င်းသိင်္ဂီထွန်း (မြ၀တီ အက်ဖ်စီ)၊ လှယဉ်ဝင်း
(မြ၀တီ အက်ဖ်စီ)၊ မေသူကျော် (မြ၀တီ အက်ဖ်စီ)
MKZ - Planet Myanmar

မှတ်ချက်များ