ဆေးခြောက်ဟာ ကင်ဆာရောဂါ တိုက်ဖျက် ဖို့အတွက် အဓိက သော့ချက်တစ်ခု ဖြစ်နိုင်တယ်လို့ အမေရိကန် အစိုးရ ၀န်ခံ


အမေရိကန် ပြည်ထောင်စုရဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးမှုဌာနက ဆေးခြောက်ဟာ ကင်ဆာရောဂါကို တိုက်ဖျက် ဖို့အတွက် အဓိက သော့ချက်တစ်ခု ဖြစ်နိုင်တယ်လို့ ထုတ်ဖော် ၀န်ခံလိုက်ရပါပြီ။

အမေရိကန် အစိုးရက သူ့ရဲ့ အဖွဲ့အစည်းဆိုင်ရာ အင်တာနက် ၀က်ဘ်ဆိုက်မှာ “DrugFacts:Is Marijuana Medicine?” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာမျက်နှာတစ်ခုကို ဖန်တီးခဲ့ပြီး ရှာဖွေတွေ့ရှိမှုတွေရဲ့ ရလဒ်ကို ရှာဖွေခဲ့ပါတယ်။

လေ့လာမှုတစ်ခုက ဖော်ပြခဲ့တာကတော့ ဆေးခြောက်အပင် တစ်ခုလုံးမှာရှိတဲ့ သန့်စင်တဲ့ အစိတ်အပိုင်း တွေဟာ အရေးကြီးတဲ့ ဦးနှောက် အသားပို အမျိုးအစားတစ်မျိုးမှ ကင်ဆာဆဲလ်တွေ ကြီးထွားလာမှု ကို နှေးကွေးစေတယ်လို့ သိရပါတယ်။ ထိုလေ့လာမှုကိုတော့ လန်ဒန်မြို့က St.George တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုကို Molecular Cancer Therapies ဂျာနယ်မှာ ဖော်ပြခဲ့ပြီး ဆေးခြောက်မှာပါဝင်တဲ့ စိတ်ကို ပြောင်းလဲနိုင်စေတဲ့ အရာ THC နဲ့ သန့်စင်တဲ့ ဆေးခြောက်ရွက်တွေဟာ Glioma လို့ခေါ်တဲ့ အသားပို အရွယ်အစား နဲ့ ကြီးထွားနှုန်းကို သိသိသာသာ လျော့နည်းစေနိုင်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

Glioma ဟာ လူတွေရဲ့ ဦးနှောက် အသားပိုထဲမှာ အများဆုံး ဘုံတွေ့ရတဲ့ Maligant ကင်ဆာဆဲလ် တစ်မျိုးဖြစ်ပြီး ထိုဆဲလ်ကို ၈၀ ရာခိုင်နှုန်းသော ကင်ဆာရောဂါတွေမှာ တွေ့နိုင်ပါတယ်။

ထိုလေ့လာမှုကို ဦးဆောင်တဲ့ စာရေးဆရာ Dr.Wai Liu က ၀ါရှင်တန်ပို့စ် သတင်းစာအတွက် ရေးသားခဲ့တဲ့ ဆောင်းပါးမှာတော့ “အရွယ်ရောက်ပြီး သူတွေရဲ့ အပြင်းထန်ဆုံး အသားပိုတွေထဲကတစ်ခုကို တိုက်ဖျက်ရာ မှာ ဆေးခြောက်မှာပါဝင်တဲ့ Cannaboid ဆိုတဲ့ ဓါတ်ပေါင်း တစ်မျိုးဟာ အဓိက တစ်ခုဖြစ်နိုင်တယ်ဆိုတာကို ကျွန်ုပ်တို့ ပြသခဲ့တယ်” လို့ရေးသားခဲ့ပါတယ်။

ဒီလ အထိတော့ အမေရိကန် ပြည်ထောင်စု မှာ ကိုလံဘီယာ ခရိုင်အပါအ၀င် ၂၃ ပြည်နယ်မှာ ဆေးခြောက်ကို တရားဝင် ဆေးခြောက် ရောင်းချခွင့်ပြုထားပြီးဖြစ်ပါတယ်။

Mario - Trend Myanmar

မှတ်ချက်များ