ခရမ်းလွန်ရောင်ခြည်အန္တရာယ် ဦးထွန်းလွင် သတိပေး
သင်္ကြန်ကာလအတွင်း ခရမ်းလွန်ရောင်ခြည်များ လွန်တဲ့အတွက် မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအ တွင်း နေပူထဲမှာ ရေမကစားကြဖို့ မိုးလေဝသနဲ့ဇလဗေဒပညာရှင် ဒေါက်တာ ဦးထွန်းလွင်က သတိပေးပြော ကြားလိုက်ပါတယ်။
လက်ရှိ ခရမ်းလွန်ရောင်ခြည် အညွန်းကိန်းဟာ ၁၄ အထိရောက်နေတဲ့အတွက် သတိထားကြဖို့ ဒေါက်တာ ဦးထွန်းလွင်က ပြောပါတယ်။
"အခုက ၁၄ ကျော်လောက်ရှိပြီဗျာနော်၊ အားလုံးတက်တာ ၁၄ကျော်လောက်ထိရှိတယ်၊ မနှစ်ကတော့ ဆယ့်ငါးဒဿမခြောက်အထိရှိတယ်"
သင်္ကြန်ကာလအတွင်း နေပူထဲမှာ ရေဆော့ကစားကြတဲ့အတွက် ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြား ကင်ဆာ၊ မျက်စိတိမ်စွဲတာတွေ ဖြစ်နိုင်တဲ့အတွက် အထူးသတိထားကြဖို့ ပြောပါတယ်။
လက်ရှိနွေရာသီအချိန်အတွင်းမှာလည်း ပူပြင်းလွန်းတဲ့အတွက် အပူဒဏ်ကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ အပူဒဏ်သက်သာတဲ့ နေရိပ်ထဲမှာ နေထိုင်ကြပြီး အထူးသတိရှိကြဖို့ လိုအပ်ကြောင်း လည်း ပြောပါတယ်။
RFA

မှတ်ချက်များ