နာမည်ကျော်အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ရိုးပွဲကို ယနေ့ ည ၇ နာရီကနေပြီးည၁၂နာရီလောက်ထိ ရန်ကုန်မြို့ရှိ ကရ၀ိတ် မျှော်စင်ကျွန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လူငယ်ပရိသတ်အများအပြားလာရောက် အားပေးခဲံ့ရာ မျှော်စင်ကျွန်း ကွင်းလုံးပြည့်လျှံခဲ့သည်အထိလာရောက်အားပေးမူရှိခဲ့သည်။
ပရိသတ်များသည် လက်မှတ်မှောင်ခိုများကို အားပြုဝယ်ခဲ့ရသည်အထိအောင်မြင်မူရခဲ့သည့် စိုင်းစိုင်းခမ်း လှိုင်၏ မွေးနေ့ရိုးပွဲတွင် စိုင်းစိုင်းက ၄င်းအောင်မြင်ခဲ့သည့်တေးသီချင်းပေါင်းများစွာကိုဖျော်ဖြေပေးခဲ့သည့် အပြင် စိုင်းစိုင်းအချစ်တော် ပရိသတ်များကလည်း စိုင်းစိုင်း၏မွေးနေ့အတွက်ဆုမွန်ကောင်းများတောင်း
ပေးခဲ့ကြသည့်အပြင် မွေးနေ့လက်ဆောင်အဖြစ် အရုပ်များ၊ပန်းစည်းများကိုလည်းပေးအပ်ခဲ့ကြသည်။
စိုင်းစိုင်းခမ်းလှိုင်သည် ယခင်နှစ်များတွင် သူ၏မွေးနေ့ရိုးပွဲကို စိုင်းစိုင်း Birthday ရိုးအဖြစ်ကျင်းပလျက် ရှိခဲ့သော်လည်း ယခုနှစ်တွင် ဧပြီ(၁၀)ရက်နေ့ရိုးဟုအမည်ပြောင်းလဲကာ ကျင်းပခဲ့သော်လည်း ယခင်နှစ် များထက်အောင်မြင်မူများစွာရရှိခဲ့သည်။

မှတ်ချက်များ