၂။ သတင်းထုတ်ပြန် ကြေညာချက်တွင် ဖော်ပြ သကဲ့သို့ အမျိုးသား လွှတ်တော်တွင် ၈-၈- ၂၀၁၅ နေ့၌ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ အစည်းအဝေး ကျင်းပခြင်းလည်း လုံးဝမရှိပါ။
အမျိုးသားလွှတ်တော်တွင် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ ဟူ၍ ဖွဲ့စည်းထားခြင်းလည်း မရှိပါ။ ပြည်သူ့ငွေစာရင်းကော်မတီသာ လျှင်ရှိပါသည်။
၃။ ၈-၈-၂၀၁၅ ရက် အမျိုးသားလွှတ်တော် အစည်းအဝေး၌သာ လုပ်ငန်းဆောင်ရွက်မှုမပြီးစီးသေးဘဲ သက်ဆိုင်ရာဌာနက ၁၀၀% ပြီးစီးသည်ဟူ၍ ပြည်သူ့ငွေစာရင်း ကော်မတီသို့ တင်ပြထား
သောကြောင့် ကော်မတီ၏ အစီအရင်ခံစာပါ နောက်ဆက်တွဲ (ခ-၄) ကို ထောက်ပြ ဆွေးနွေးခြင်း ဖြစ်ပါသည်။ သက်ဆိုင်ရာ ၀န်ကြီးဌာနကို အမျိုးသား လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
၎။ ပလက်ဝမြို့နယ်က ၁၀၀% မပြီးစီးသေးသောဘေလီတံတား ကိစ္စ ဆွေးနွေးတင်ပြရာတွင် မွေးမြူရေး ၊ ရေလုပ်ငန်းနှင့်ကျေးလက် ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနဟူ၍ ထည့်သွင်း ဆွေးနွေးခြင်း လုံးဝလုံးဝမရှိပါ။ လွှတ်တော်မှတ်တမ်း ၏ (အသံ /ဗွီဒီယို ) ဖြင့်တိုက်ဆိုင် စစ်ဆေးနိုင်ပါသည်။
၅။ ပရိုဂျက်တာဖြင့် တင်ပြသော ဓာတ်ပုံများမှာ ၄-၄-၂၀၁၅ ရက်ကာလ၏ မြေပြင်အခြေအနေအမှန်ကို ရိုက်ကူးထားသော မှတ်တမ်းပုံများ အစစ်အမှန်ဖြစ်ပါသည်။ မှားယွင်းစွာဖော်ပြ ဆွေးနွေးခြင်းလုံးဝ လုံးဝမဟုတ်ပါ။ မိမိ၏ ဆွေးနွေးတင်ပြမှုကို တာဝန်ယူ တာဝန်ခံပါသည်။
ဦးဆလိုင်းခွဲယန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၊ ပလက်ဝမြို့နယ်

မှတ်ချက်များ