မွေးကင်းစကလေးငယ်များကို တစ်မိနစ်အတွင်း အိပ်ပျော်စေမယ့် နည်းလမ်း
မွေးကင်းစ ကလေးငယ်တွေကို ညဘက်ရောက်တဲ့အခါ အိပ်ရာဝင်ဖို့ ချော့သိပ်ရတာ မိဘတွေ မဖြစ်မနေ လုပ်ရတဲ့ အရာဖြစ်ပါတယ်။ အထူးသဖြင့် ငယ်ရွယ်သေးတဲ့ ကလေးငယ်တွေဟာ အိပ်ယာဝင်ချိန် တသတ် မတ် တည်းမရှိတဲ့အတွက် ညဘက်ရောက်တဲ့အခါ မအိပ်ဘူးဆိုရင် မိဘတွေ အိပ်ရေးပျက်ရလေ့ရှိပါတယ်။
သြစတြေးလျမှာ နေထိုင်တဲ့ နေသန်ဒိုင်လို ဆိုသူ ဖခင်တစ်ဦးကတော့ ဒီဒုက္ခကို ကျော်လွှားဖို့ နည်းလမ်း တစ်ခု ရှာတွေ့ခဲ့ပါတယ်။ အဲဒါကတော့ သူ့ရဲ့သုံးလအရွယ် ကလေးငယ်ကို တစ်မိနစ်အတွင်း အိပ်ပျော် သွားစေတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဘယ်လိုဆေးဝါးမျိုးမှ တိုက်စရာမလိုတဲ့ နည်းလမ်းဖြစ်ပြီး ရိုးရှင်းလွယ် ကူလွန်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ အိပ်မပျော်ပဲ ဖြစ်နေတဲ့ ကလေးငယ်ရဲ့ မျက်နှာပေါ်ကို ပါးလွှာနူးညံ့တဲ့ တစ်ရှူးအဖြူစနဲ့ ဖွဖွလေး ပွတ်ဆွဲပေးရမှာဖြစ်ပါတယ်။
‘‘ ဒီနည်းလမ်းက ကလေးငယ်တွေကို အိပ်ပျော်စေဖို့ မိဘတွေအတွက် အကောင်းဆုံးနည်းလမ်းသစ်ဆိုတာ ကျွန်တော်ပြောရဲပါတယ်။ ဒီနည်းလမ်းကိုသုံးဖို့ တစ်ရှူးက လွဲပြီး ဘာမှမလိုပါဘူး’’ လို့ ဗီဒီယိုဖိုင်ကို Youtube ပေါ်တင်ခဲ့သူ ဖခင်ဖြစ်သူက ပြောပါတယ်။ သူစမ်းသပ်ထားတဲ့ ဗီဒီယို ဖိုင်ထဲမှာတော့ ကလေးငယ်ကို ဒီနည်းလမ်းနဲ့ ချော့သိပ်လိုက်တာ ၄၂ စက္ကန့်အကြာမှာပဲ အိပ်ပျော်သွားပါတယ်။
Planet Myanmar

မှတ်ချက်များ