လူကြိုက်များနေတဲ့ လွှတ်တော်ထဲက ဆွေးနွေးသံတခု


လွှတ်တော်ကိုယ်စားလှယ်တွေ တည်းခိုနေထိုင်မယ့် လွှတ်တော်အိမ်ရာအဆောက်အဦးတွေကို ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်း ကာလမတိုင်မီ အပြီးတည်ဆောက်ပေးဖို့ ပြည်ထောင်စု လွှတ်တော်နဲ့ ပြည်ထောင်စုအ စိုးရ အဖွဲ့ကို တိုက်တွန်းတဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမန်းအောင်တင်မြင့် ရဲ့ အဆို အပေါ် ဒေါက်တာ အေးမောင် ထောက်ခံဆွေးနွေးခဲ့တဲ့ ဆွေးနွေးတင်ပြချက်ဟာ အင်တာနက်ပေါ်မှာ လူအများစိတ် ဝင်တစားကြည့်ရှုနေကြပါတယ်။

လွှတ်တော်ကျင်းပချိန်အတွင်း အစိုးရပိုင် ဧည့်ရိပ်သာမှာ တရက် ၂ ထောင်ပေးပြီး နေထိုင်ကြရတဲ့ လွှတ်တော်အမတ်တွေကို လွန်ခဲ့တဲ့ တလလောက်ကစပြီး အစိုးရပိုင်အဆောက် အဦးတွေထဲမှာ နိုင်ငံရေးဆွေးနွေးပွဲ တွေမလုပ်ရဘူးဆိုပြီး ပိတ်ပင်ခဲ့ပြီးတဲ့နောက် လွှတ်တော်အမတ်တွေ နေထိုင်ဖို့ သီးသန့်အဆောက်အဦးဆောက်လုပ်ဖို့ ဆွေးနွေးကြတာဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေနဲ့ ဝန်ထမ်းတွေနေထိုင်ဖို့ အစိုးရထံက ဘက်ဂျက် ၁၉ ဘီလျံ တောင်းဆိုမှုအပေါ် မရရှိခဲ့တဲ့ အတွက် လွှတ်တော်မှာရှိတဲ့ ငွေထဲကနေဆောက်လုပ်ဖို့ ဆုံးဖြတ်ထားကြောင်းသိရပါတယ်။

ရုပ်သံကို Nay Win Thr မှ ပြန်လည် မျှဝေပါတယ်။


မှတ်ချက်များ