ယာဉ်လိုင်းများ အပြိုင်အဆိုင်မောင်းနှင့်၍ ခရီးသည်များ အဆင်မပြေဖြစ်နေ


ရန်ကုန်-မန္တလေးကားလမ်းတစ်လျှောက် ပြေးဆွဲနေသော ခရီးဝေးသွား ယာဉ်လိုင်းများသည် ခရီးသည်ရရှိ ရန် အပြိုင်အဆိုင် အလုအယက်မောင်း နှင်ခြင်းများ နေ့စဉ်ပြုလုပ်နေသဖြင့် ခရီးသည်များ အဆင်မပြေဖြစ်
နေကြ ကြောင်း သိရသည်။

''ဟိုတစ်နေ့က ဆွာကားဂိတ်ကို ရှေ့ကကားက အရှိန်နဲ့ထိုးရပ်တယ်။ နောက်ကလိုက်လာတဲ့ကားကလည်း နောက်ကနေ အရှိန်နဲ့ထိုးရပ်လိုက်တာ ရှေ့ကကားနောက်ပိုင်းကိုသီသီလေးလွတ်သွားတယ်။ ကံကောင်း လို့ပေါ့ဗျာ။ ဆင်းမယ့်ခရီးသည်တွေကိုလည်း ကန်မချရုံတစ်မယ်ပါပဲ။ အတင်းဆင်းခိုင်း တယ်။ ပြီးတော့နှစ် စီးစလုံး အရှိန်နဲ့ မောင်းထွက်သွားတယ်''ဟု ကိုယ်တိုင် မြင်တွေ့ လိုက်ရသော ဆွာမြို့ခံတစ်ဦးကပြော သည်။

ကိုယ်ပိုင်ယာဉ်များ ပေါများလာခြင်း၊ ခရီးတိုနှင့် အခြားသောခရီးသွားခြင်းကို ဆိုင်ကယ်များပိုမိုအသုံးပြုလာ
ခြင်းတို့ကြောင့် နေ့စဉ်ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းများတွင် စီးနင်းလိုက်ပါသူ သိသိသာသာလျော့နည်း လာခြင်းဖြစ် ကြောင်း ယာဉ်မောင်းတစ်ဦးကပြောသည်။

ရန်ကုန်-မန္တလေးကားလမ်း တစ် လျှောက် ပြေးဆွဲမောင်းနှင်လျက်ရှိသော ခရီးဝေးသွားယာဉ်လိုင်းများအနေ ဖြင့် ခရီးသည်စီးနင်းမှုလျော့ကျလာခြင်းကြောင့် အပြိုင်အဆိုင်ခရီးသည်ရရှိရေး ကြိုးပမ်းဆောင်ရွက်နေကြ ရကာ အလုအယက်မောင်းနှင်ခြင်းများ နေ့စဉ်လိုလို မြင်တွေ့နေရပြီး ခရီးသွားများအတွက် အန္တရာယ်မ
ဖြစ်အောင်ဂရုပြုရန်လို အပ်ကြောင်း ဆန်းစစ်ဝေဖန်မှုများလည်းရှိနေသည်။

ကိုလွင်(ဆွာ) - Myanmaalinn

မှတ်ချက်များ