ရမည်းသင်းတွင် မုန့်ဟင်းခါးစားမိရာမှ ကလေး ၁၂ ဦးနှင့် လူကြီးနှစ်ဦး အစာအဆိပ်သင့်


မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် နဘူးကျင် ကျေးရွာတွင် ဇွန်လ ၅ ရက် နံနက် ၁၀ နာရီခန့်က ရွာဦးကျောင်း ကျောင်းထိုင်ဆရာတော်မွေးနေ့ ၌ ကျွေးမွေးသည့် မုန့်ဟင်းခါးစား မိရာမှ ကလေး ၁၂ ဦးနှင့် လူ ကြီး နှစ်ဦးတို့ အော့အန်မှုဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

ကျောင်းထိုင်ဆရာတော်မွေး နေ့တွင် ကျွေးသည့်မုန့်ဟင်းခါးကို နဘူးကျင်ကျေးရွာရှိ ရွာသား ၂၀၀ ခန့်စားသုံးခဲ့သော်လည်း က လေး ၁၂ ဦးနှင့် လူကြီးနှစ်ဦး အော့အန်၍ အစာအဆိပ်သင့်လက္ခဏာများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ် ကြောင်း တိုင်းပြည်သူ့ကျန်းမာ ရေးဦးစီးဌာန အထူးရောဂါနှိမ်နင်း ရေးအဖွဲ့ခေါင်းဆောင် တာဝန်ခံ ဒေါက်တာငြိမ်းငြိမ်းချစ်က ပြော ကြားသည်။

‘‘ရောဂါလက္ခဏာက အစာ အဆိပ်သင့်ဖြစ်တဲ့ လက္ခဏာလို့ ပြောလို့ရတယ်။ တစ်ရွာလုံးစား တာမှာ ၁၄ ဦးအော့အန်တယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာ ဓာတ်ခွဲစစ်ဆေးချက်အဖြေရမှပဲ သိနိုင်တယ်။ ကျေးရွာမှာဆေးခန်း ဖွင့်ပြီး ကုသပေးခဲ့တယ်။ အခု တော့ အားလုံးသက်သာသွားပါ ပြီ။ မုန့်ဖတ်နဲ့မုန့်ဟင်းခါးဟင်း ရည်ကို နမူနာစစ်ဆေးဖို့ ပို့ထား တယ်’’ဟု ဒေါက်တာငြိမ်းငြိမ်းချစ် ကပြောကြားသည်။

မုန့်ဟင်းခါးဟင်းရည်ကို နံ နက် ၂ နာရီခန့်က ချက်ပြုတ်ထား ၍ နံနက် ၆ နာရီတွင် မုန့်ဖတ်ကို ရမည်းသင်းမြို့ပေါ်မှသွားရောက် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး စားသုံးခဲ့သူ များအနက် ၁၂ ဦးသည် နံနက် ၁၁ နာရီတွင် အော့အန်မှုများဖြစ် ပွားခဲ့မှုကြောင့် ည ၆ နာရီခွဲအထိ ယာယီဆေးခန်းဖွင့်ကုသပေးခဲ့ ကြောင်း တိုင်းပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ စုံစမ်းသိရသည်။

‘‘ရာသီဥတုကပူတော့ အ စားအသောက်ကိုဂရုစိုက်တယ်။ အော့အန်တာမျိုး၊ ၀မ်းပျက်ဝမ်း လျှောဖြစ်တာမျိုးမှာ သူများတွေ မဖြစ်ဘဲ ကိုယ်တွေကျမှဖြစ်တယ် ဆိုရင် ကိုယ်ခံအားမကောင်းလို့ ပဲ။ အစားအစာပဲဖြစ်ဖြစ်၊ ရေပဲ ဖြစ်ဖြစ် သေချာဂရုစိုက်စေချင် တယ်’’ဟု ချမ်းအေးသာစံမြို့နယ် တွင် ဆေးခန်းဖွင့်လှစ်ထားသည့် အထွေထွေရောဂါကုဆရာဝန် တစ်ဦးကပြောကြားသည်။

ဇွန်လ ၃ ရက်က မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရေသန့် ရပ်ကွက်ရှိ မိုးထိအောင်စည် ဓမ္မ ရိပ်သာဘုန်းကြီးကျောင်းမှ အ ရုဏ်ဆွမ်းကပ်လှူပြီး ပိုလျှံသည့် ခေါက်ဆွဲကြော်များ စားမိသည့် အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၂၀ ဦးတို့ အစာအဆိပ်သင့်မှုဖြစ် ပွားခဲ့သည်။

7 Day Daily

မှတ်ချက်များ