ဆောင်ဆောင်ဟန် တရုတ်စစ်ပွဲ ရုပ်ရှင်တွင် ဘရုစ်ဝီလစ်နှင့်အတူ သရုပ်ဆောင်သွားမည်
တောင်ကိုရီးယား မင်းသား ဆောင်ဆောင်ဟန်သည် မကြာမီထုတ်လွှင့်ပြသမည့် တရုတ်စစ်ပွဲ ရုပ်ရှင် ဇာတ်ကားတွင် အမေရိကန်မင်းသား ဘရုစ်ဝီလစ်နှင့်အတူ သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း မကြာမီက ထုတ်ပြန်သော သတင်းများတွင် အတည်ပြုပြောကြားထားသည်။
ဆောင်ဆောင်ဟန်သည် တရုတ်ဇာတ်ကား DA Hong Zha တွင် ပါဝင် သရုပ်ဆောင်သွားမည်ဟု အတည်ပြုပြောကြားခဲ့ကြောင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ကိုယ်စားလှယ် တစ်ဦးက ဇွန်၂ရက်တွင် ပြောကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်ကို ပုံဖော်ရိုက်ကူးမည့် Da Hong Zha ဇာတ်ကားသည် ၀မ်ငွေ တစ်ရာဘီလျံ (အမေရိကန်ဒေါ်လာ ၉၀ဒသမ ၅သန်း) ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်းနှင့် ယင်းပမာဏသည် ဘရုစ်ဝိလစ်၏ Die Hard ဇာတ်လမ်းတွဲများထက် ပိုများနေသည်။
အဆိုပါဇာတ်ကားတွင် ဆောင်ဆောင်ဟန်သည် အမေရိကန်ပြည်ထောင်စုက စေလွှတ်လိုက်သော ကိုရီးယား တိုက်လေယာဉ်မှူးအဖြစ် သရုပ်ဆောင်သွားမည်ဖြစ်ပြီး ဘရုစ်ဝီလစ်သည် စစ်တပ်မှအမိန့်ပေးညွန်ကြားသူတစ်ဦးအဖြစ် သရုပ်ဆောင်သွားမည်ဖြစ်သည်။
အဆိုပါဇာတ်ကားတွင် တရုတ်မင်းသားများဖြစ်သော Nicholas Tse၊ Liu Ye နှင့် Hunag Sheng Yi တို့လည်း ပါဝင်မည် ဖြစ်ကြောင်းနှင့် ၂၀၁၆ ခုနှစ်တွင် ထုတ်လွှင့်ပြသရန် စီစဉ်ထားသည်။
Mizzima

မှတ်ချက်များ