မစ္စတာဘင်းန်နဲ့ အိုင်းစတိုင်း ...

အိုင်းစတိုင်း - "မင်းကို မေးခွန်းတစ်ခုမေးမယ်။ မင်းကလည်း ငါ့ကို တစ်ခုပြန်ပြီးမေး။ ငါ့မေးခွန်းကို
မင်းမဖြေနိုင်ရင် ငါ့ကို တစ်ဒေါ်လာ ပေးရမယ်။ မင်းမေးခွန်းကို ငါမဖြေနိုင်ရင်တော့ မင်းကို
ဒေါ်လာတစ်ထောင် ပေးမယ်"

မစ္စတာဘင်းန် - "ကောင်းပြီဗျာ"

အိုင်းစတိုင်း - (မစ္စတာဘင်းန်ကို အရမ်းခက်တဲ့ မေးခွန်းတစ်ခု မေးလိုက်ပါတယ်)

မစ္စတာဘင်းန် - (အိုင်းစတိုင်းကို တစ်ဒေါ်လာပေးလိုက်ပါတယ်)

အိုင်းစတိုင်း - "ကောင်းပြီ .. အခု မင်းအလှည့်"

မစ္စတာဘင်းန် - "ခြေထောက် လေးချောင်းရှိတဲ့ တိရစ္ဆာန်။ လမ်းကူးတဲ့အခါ နှစ်ချောင်းပဲ
ရှိတော့တယ်။ ပြန်လှည့်လာတဲ့အခါ ခြေငါးချောင်း ဖြစ်သွားတယ်။ အဲဒါ ဘာတိရစ္ဆာန်လဲ"

အိုင်းစတိုင်း - (ကြိုးစားပြီးစဉ်းစား) "ငါ အရှုံးပေးတယ်။ အဖြေမသိဘူးကွာ" (မစ္စတာဘင်းန်ကို
ဒေါ်လာတစ်ထောင် ပေးလိုက်ပါတယ်)

အိုင်းစတိုင်း - "ကောင်းပြီ .. အဲဒါဘာတိရစ္ဆာန်လဲ ပြောပြပါဦး မစ္စတာဘင်းန်ရ"

မစ္စတာဘင်းန် - (အိုင်းစတိုင်းကို တစ်ဒေါ်လာ ပြန်ပေးလိုက်ပါတယ်)

myanmar.mmtimes

မှတ်ချက်များ