ဂျူဗင်တပ်၏ အားထားရသည့် ကွင်းလယ်လူ ပေါ့ဂ်ဘာသည် ရော်နယ်ဒိုကဲ့သို့ပင် ကမ္ဘာ့အကောင်းဆုံးဖြစ်လာမည်ဖြစ်ကြောင်း ၎င်းနှင့် မန်ယူတွင် အတူကစားဖူးသည့် နောက်ခံလူဖာဒီနန်က ထုတ်ဖော်ပြောကြားလိုက်သည်။
ပေါ့ဂ်ဘာ(၂၂)နှစ်သည် ၂၀၁၂ တွင် မန်ယူမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဂျူဗင်တပ်သို့ ရောက်သွားခဲ့ပြီးနောက် အီတလီတွင်ခြေစွမ်းပြကာ နာမည်ကြီးလာပြီး အကောင်းဆုံးစာရင်းထဲဝင်လာခြင်းဖြစ်သည်။
‘‘ပေါ့ဂ်ဘာကို ဒေါ်လာသန်း ၇၀ တန်ကြေးသတ်မှတ်ရင်လည်း ကျွန်တော်အံ့ဩမှာ မဟုတ်ပါဘူး။ မန်စီးတီးလိုအသင်းမျိုးက လိုချင်လည်း မအံ့ဩပါဘူး။ သူဟာ ဒဏ်ရာသာကင်းစင်မယ်ဆိုရင် လာမယ့်လေးနှစ်အတွင်းမှာပဲ ကမ္ဘာ့အကောင်းဆုံးဖြစ်လာမှာပါ’’ဟု ဖာဒီနန်က ချီးကျူးသည်။ ဖာဒီနန်က ပေါ့ဂ်ဘာသည် မန်ယူတွင် နေရာမရ၍ အသင်းပြောင်းရန်ပြင်ဆင်စဉ် ၎င်းက တားခဲ့ကြောင်း၊သို့သော် ၎င်းက ကမ္ဘာ့အကောင်းဆုံးဖြစ်ချင်၍ အသင်းပြောင်းချင်ကြောင်းဆိုခဲ့ကာ ဂျူဗီသို့ထွက်သွားခဲ့ကြောင်း ဆိုသည်။
‘‘သူ့မှာ ပက်ထရစ်ဗီအေရာလို အရပ်အမောင်းမျိုး အင်အာမျိုးနဲ့ ဘဲလေးကချေသည်လို ခြေထောက်မျိုးရှိပါတယ်။ အကောင်းဆုံးကစားသမားတွေဟာ ပွဲတိုင်းအမြဲတမ်းကစားပြီး တိုးတက်သွားတယ်။ ပေါ့ဂ်ဘာလည်း ရော်နယ်ဒိုလိုပါပဲ’’ဟု ဖာဒီနန်က သုံးသပ်သည်။ ပေါ့ဂ်ဘာသည် ဂျူဗီတွင် အားထားရသည့်ကွင်းလယ်လူဖြစ်ကာ ယနေ့ညဥ့်နက်ပိုင်းချန်ပီယံလိဂ်တွင် ဝါရင့်ကွင်းလယ်လူ ပီယာလိုနှင့်အတူ ပါဝင်လာမည်ဖြစ်သည်။
7day Daily

မှတ်ချက်များ