စင်ကာပူဆီးဂိမ်းဖွင့်ပွဲ ခမ်းနားစွာ ကျင်းပ
(၂၈) ကြိမ်မြောက် အ ရှေ့တောင်အာရှအားကစားပွဲ တော် ဖွင့်ပွဲအခမ်းအနားကို စင် ကာပူအမျိုးသားအားကစားကွင်း တွင် ရှုစားစရာစုံလင်စွာဖြင့် ဖွင့်လှစ်လိုက်ပြီး သမ္မတတိုနီတန်က အားကစားပွဲတော် ဖွင့်လှစ် ကြောင်း ကြေညာခဲ့သည်။
စင်ကာပူလွတ်လပ်ရေး ရွှေ ရတုနှစ်နှင့် တိုက်ဆိုင်ကျင်းပ သည့် အားကစားပွဲတော်တွင် အားကစားနည်း ၃၆ မျိုးနှင့် အားကစားပြိုင်ပွဲပေါင်း ၄၀၂ ခုပါဝင်သည်။နှစ်နာရီကြာမြင့်သော ဖွင့်ပွဲ အခမ်းအနားတွင် ပါဝင်ဖျော်ဖြေ တင်ဆက်သူနှင့် လုပ်အားပေး ပေါင်း ၅,၀၀၀ ပါဝင်ခဲ့သည်။မီးရောင်စုံများဖြင့် ပုံရိပ် အမျိုးမျိုးဖန်တီးတင်ဆက်ခဲ့ပြီး ပါ ၀င်ဖျော်ဖြေသူများ လေထဲတွင် ပျံဝဲနေသကဲ့သို့ ပြကွက်များ ပါဝင်ခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံ ပေါင်း ၁၁ နိုင်ငံမှ အားကစားသ မား ၄,၀၀၀ ခန့် ကွင်းအတွင်းနေ ရာယူပြီးနောက်တွင် ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းနှင့် လူငယ်ဝန်ကြီးလောရင့်စ်ဝေါင်က ကြိုဆိုနှုတ် ခွန်းဆက်စကားပြောကြားခဲ့ သည်။ စင်ကာပူစံတော်ချိန် ည ၉ နာရီ ၅ မိနစ်တွင် သမ္မတတိုနီတန်က (၂၈) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပွဲတော် ဖွင့်လှစ် ကြောင်း ကြေညာခဲ့သည်။
ယင်းနောက်တွင် ဖျော်ဖြေ တင်ဆက်မှုများ ဆက်တိုက်ပြု လုပ်ခဲ့ပြီး အားကစားပွဲတော် မီးရှူးတိုင်ကို စင်ကာပူဂန္ထ၀င်ဘော လုံးသမား ဖန်ဒီအာမက်နှင့် သား ဖြစ်သူ အာဖန်တို့က ည ၁၀ နာရီ ခန့်၌ ထွန်းညှိခဲ့သည်။အားကစားပွဲတော်ကို ဇွန် လ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။
7day Daily





မှတ်ချက်များ