အစားကြီးတဲ့ အလှမယ်
အလှမယ်တွေပာာ ကိုယ်ခန္ဓာကို ထိန်းထားနိုင်ဖို့ အစားအသောက်ကို ထိန်းစားလေ့ရှိပါတယ်။ ဒါပေမဲ့ နယူးဇီလန်မှာ ရှိတဲ့ အလှမယ် တစ်ဦး ကတော့ အစားကို အလွန်အကျွံစား နိုင်သူ အဖြစ် စံချိန်မှတ် တမ်းတင်ထား နိုင်ပြီး အစားပြိုင်ပွဲတွေ ကိုလည်း မကြာခဏ ၀င်ရောက် ယှဉ်ပြိုင်လေ့ရှိ ပါတယ်။ အသက်(၂၂)နှစ်သာ ရှိသေးတဲ့ နီလာဇက်ဆာဟာ နယူးဇီလန် ကိုယ်စားပြု ပြီး Miss Earth ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ခဲ့ဖူး ပါတယ်။
ဒါပေမဲ့ အစားပြိုင်ပွဲ တွေ ယှဉ်ပြိုင်ရာမှာ ပိုမိုထူးချွန်သူ ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ ထူးခြားတဲ့ စံချိန်တစ်ခုကို တင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒါကတော့ Chicken Nuggets မုန့် (၁၂၀)ခုကို (၁၆)မိနစ်နဲ့ (၂၄) စက္ကန့် အတွင်း စားပြခဲ့ခြင်းဖြစ်ပါတယ်။ ဒီမုန့်ဟာ မက်ဒေါ်နယ်လ်က ရောင်းချတဲ့ နာမည်ကြီး မုန့်ဖြစ်ပြီး ကြက်သားအရသာပါတဲ့ မုန့်တစ် မျိုးဖြစ်ပါတယ်။ နီလာဇက်ဆာပာာ နာရီကို ရှေ့မှာချပြီး မုန့်တွေကို တစ်ခုပြီးတစ်ခု စားပြခဲ့ခြင်း ဖြစ်ပါတယ်။ ဒီမုန့် (၁၂၀)ခုကို အမြန်ဆုံး စားပြနိုင်သူက အမေရိကန် နိုင်ငံမှ မက်စတိုနီဖြစ်ပြီး တင်ရှိထားတဲ့ စံချိန်ကတော့ (၁၄ ဒသမ ၃၃) စက္ကန့်ဖြစ်ပါ တယ်။ နီလာဇက်ဆာပာာ ဒီစံချိန်ကို မချိုး နိုင်ပေမယ့် အနီးကပ်ဆုံး လုပ်နိုင်ခဲ့ပါတယ်။
နီလာဇက်ဆာပာာ မက္ကဆီကို မုန့်ဖြစ်တဲ့ Burrito ကို (၂ဒသမ၃) ကီလိုဂရမ် စားပြပြီးနောက် အခုလို မုန့် အများအပြားကို စားပြခဲ့ခြင်း ဖြစ်ပါတယ်။ နီလာဇက်ဆာဟာ မုန့်တွေစားပြရာမှာ ဗီဒီယို ရိုက်ကူးမှု ပြု လုပ်ခဲ့ပါတယ်။ နီလာဇက်ဆာက အစားတွေ အများကြီး စားပြီးနောက် မအီမလည် ခံစားရသော်လည်း နာရီအနည်းငယ် အကြာတွင် ပုံမှန်ပြန် ဖြစ်သွား တတ်ကြောင်း ပြောကြားခဲ့ ပါတယ်။ နီလာဇက်ဆာဟာ ဟမ်ဘာဂါ ၊ ပီဇာစတဲ့ အစား ပြိုင်ပွဲတွေ မှာလည်း ဆုတံဆိပ်တွေ ရရှိခဲ့ဖူး ပါတယ်။ နီလာဇက်ဆာက အစားအသောက်တွေ အများကြီး မစားမီ တစ်ရက်အလိုတွင် အစာအိမ်ကို ရှင်းလင်း ထားကြောင်း၊ ယင်း သို့ဖြစ်ရန် ရေများများ သောက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
နီလာဇက်ဆာဟာ သူ့အနေနဲ့ အစားအသောက်တွေ အများကြီး စားနေပေမယ့် ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်လေ့ ရှိကြောင်း၊ ငယ်ငယ်ကတည်း က ယောဂ လေ့ကျင့်ခန်း အပါအ၀င် အခြား လေ့ကျင့်မူများကို ပြုလုပ်တာကြောင့် အ၀လွန်ခြင်း မရှိခဲ့ကြောင်း ပြောကြားခဲ့ ပါတယ်။ နီလာဇက်ဆာဟာ အမေရိကန် ပြည်ထောင်စုကို သွားရောက်ပြီး အစားအသောက် ပြိုင်ပွဲတွေ ၀င်ရောက် သွားဖို့ ရှိပါတယ်။
messenger




မှတ်ချက်များ