မျက်လုံးထဲဝင်နေတဲ့ လောက်ကောင်ကို ဖယ်ရှားမှု ပြုလုပ်






အသက်(၁၇)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးရဲ့ မျက်လုံးထဲကို လောက်ကောင် ၀င်ရောက်နေခြင်းကို မျက်စိ အထူးကု ဆရာဝန်တွေက ဖယ်ရှားမူ ပြုလုပ်ပေးခဲ့ရတယ် လို့ သိရပါတယ်။ ဒီဖြစ်စဉ်ပာာ ပီရူးနိုင်ငံ၊ လီ မာမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူနာရဲ့ အမည်ကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိ ပါဘူး။ လောက်ကောင်ဟာ မျက်လုံးထဲဝင် ရောက်နေတာ တစ်လကျော်လောက်ရှိပြီး MRI စကင်ရိုက်ပြီးတဲ့နောက် သိရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အလွန်အန္တရာယ်များ ပြီး အချိန်မီ မဖယ်ရှားပါက အသက်ဆုံးရှုံး သွားနိုင်တယ်လို့ မျက်စိဆရာဝန် မာချီနာက ရှင်းပြခဲ့ပါတယ်။

မျက်လုံးထဲ လောက်ကောင်ဝင် ရောက်နေခြင်းကို ဆရာဝန်တွေက အံ့အားသင့်ခဲ့ပြီး အချိန်မီ မဖယ်ရှားခဲ့ရင် ဦးနှောက်ကို ထိခိုက်လာနိုင်ပြီး အသက်ဆုံးရှုံးသွား နိုင်ပါတယ်။ လောက်ကောင်ကို ဖယ်ရှားရာ မှာလည်း စိတ်ဝင်စားဖို့ ကောင်းခဲ့ပါတယ်။လောက်ကောင် အပြင်ထွက် လာအောင် အနံ့ တစ်မျိုးနဲ့ ဆွဲဆောင်ရ ပါတယ်။

အနံ့ရပြီးတဲ့နောက်မှာ လောက်ကောင်ဟာ အပြင်ကို ထွက်လာပြီး ဒီအချိန်မှာ ဆရာဝန်တွေက ဆွဲယူ လိုက်ခြင်း ဖြစ်ပါတယ်။ လောက်ကောင် ဟာ တစ်လက်မခန့် ရှိနေကြောင်း၊ ယင်းဖြစ်စဉ်ကို အားလုံး အံ့အားသင့် ခဲ့ကြောင်း ပီရူး သတင်းစာ တစ်စောင်ရဲ့ ရေးသားမူကို သည်မေရာ သတင်းစာ က ပြန်လည် ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။

messenger

မှတ်ချက်များ