လမ်းမပေါ်တွင် အန္တရာယ် ကင်းအောင် သကြား ဖြန်းခဲ့သည့်မြို့တော်ဝန်
ဘူလ်ဂေးရီးယားနိုင်ငံ နိုဗာဇာဂိုရာ မြို့၏ မြို့တော်ဝန် နီကိုလိုင် ဂရိုဇက်ဗ်သည် မြို့တစ်ဝိုက်ရှိ လမ်းမများပေါ်တွင် ယာဉ်မတော်တဆမှု မဖြစ်စေရေး အတွက် ရိုးရာနည်းလမ်း တစ်ခုကို ကျင့်သုံးခဲ့ကြောင်း သိရသည်။
မြို့တော်ဝန်သည် မြို့တွင်းသို့ ၀င်ရောက်သည့် လမ်းမများ လေးခုပေါ်တွင် သကြားဖြန်းပက်ပြီး အန္တရာယ် ကင်းအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဒေသခံ မူလတန်း ဆရာတစ်ဦး၏ အကြံပြုချက်ကို သဘောကျပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဂရိုဇက်ဗ်က ပြောဆိုခဲ့သည်။ လွန်ခဲ့သော အပတ်တွင် မော်တော်ယာဉ် မတော်တဆမှုဖြင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ဒေသခံ လူငယ်နှစ်ဦးတို့ သေဆုံးခဲ့သည်။
လမ်းမပေါ်တွင် သကြားဖြန်း ပက်ပါက သူရဲတစ္ဆေများ မနေနိုင်ဘဲ ထွက်ပြေး ကြသည်ဟု ရိုးရာ အစဉ်အလာ ရှိခဲ့ကြောင်း ဂရိုဇက်ဗ်က ပြောဆိုခဲ့သည်။ သို့သော် ယခု လုပ်ဆောင်မှုမှာ အယူသည်းခြင်းကြောင့် မဟုတ်ဘဲ ဘူလ်ဂေးရီးယားတွင် နေထိုင်သူများ လမ်းမပေါ်တွင် ပိုမို သတိထားတတ်ရန် သတိ ပေးလိုက်ခြင်းသာ ဖြစ်ကြောင်း ၄င်းက ပြောဆိုခဲ့သည်။
ဒေသဆိုင်ရာ ရွေးကောက်ပွဲ နီးပြီ ဖြစ်သောကြောင့် မြို့တော်ဝန်သည် အဆန်း ထွင်ခြင်းသာ ဖြစ်ကြောင်း The Standart သတင်းစာက ဝေဖန်ပြောဆိုခဲ့သည်။မြို့တော်ဝန်၏ လုပ်ဆောင်ချက်သည် သြသို ဒေါက်စ်ခရစ်ယာန် တရားတော်များနှင့် ဆန့်ကျင်နေကြောင်း ဘုန်းတော်ကြီး စီလ်ဗက်စတာက ပြောဆိုခဲ့သည်။
messenger

မှတ်ချက်များ