မီးတောင်ကို အသားကင်မီးဖိုလုပ်တဲ့ စားသောက်ဆိုင်


စပိန်နိုင်ငံမှာ El Diablo လို့ အမည်ရတဲ့ စားသောက်ဆိုင်ဟာ မီးတောင်ထိပ်ပေါ်မှာ တည်ရှိပါတယ်။ မီးတောင်ရဲ့ အပေါက်ဝကိုပဲ မီးဖို အဖြစ် ပြုလုပ်ပြီး အသားကင်လုပ်ပါတယ်။ အသားကင်ဆိုင် အဖြစ် နာမည်ကြီးပြီး ကမ္ဘာလှည့်ခရီးသည်များပါ သွားရောက် စားသုံးကြပါတယ်။

မီးတောင်ရဲ့ အပေါက်ဝဟာ အချင်း ၅ ပျေကာ် ၆ ပေ နီးပါး ကျယ်ပြော ပါတယ်။ မီးတောင် အတွင်းကနေ ထွက်တဲ့ အပူက ၄၀၀ ဒီဂရီ Celsius ရှိပါတယ်။ ဒါကြောင့်မို့ ယင်း အပူချိန်ဟာ အသားကင်ဖို့အတွက် အကောင်းဆုံး အပူချိန်ပါပဲ။ စားသောက်ဆိုင်ရဲ့ အလယ်တည့်တည့် အဖြစ် ထားရှိထားပြီး အသားများကို ကိုယ်တိုင်ကင်နိုင်သလို၊ အသားကင်ပေးသူလည်း ရှိပါတယ်။

ယင်းမီးတောင်ဟာ နှစ်ပေါင်း အတော်ကြာအထိ ပြန်လည် ပေါက်ကွဲနိုင်ခြင်း မရှိလို့ ဘူမိဗေဒ ပညာရှင်များက လေ့လာတွေ့ရှိခဲ့ပြီးနောက် စားသောက်ဆိုင်တည်ထောင်သူဟာ ယင်းနေရာကို အစိုးရဆီကနေ ငှားရမ်းခဲ့ခြင်း ဖြစ်ပါတယ်။ယင်း ငှားရမ်းမှုအတွက် ငွေကြေး ပမာဏ တစ်ခုပေးအပ်ပြီး အသားကင်ဆိုင် ဖွင့်ထားတာ အောင်မြင်တဲ့ စားသောက်ဆိုင် ဖြစ်လာခဲ့ ပါတယ်။

yoyarlay

မှတ်ချက်များ