ကျောင်းသားကလေးတွေကို နေ့လည်စာအလကားကျွေးလို့ အလုပ်မှထုတ်ခံရတဲ့မိခင် အပြုံးမပျက်ခဲ့

အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် မူလတန်းကျောင်းစာဖိုဆောင်မှာ အလုပ်လုပ်ကိုင်နေတဲ့ ကလေး နှစ်ယောက် မိခင်အမျိုးသမီးတစ်ဦးက နေ့လည်ခင်းစာ ထမင်းဖိုးမပါတဲ့ ကလေးငယ် လေးတွေကို ထမင်းဟင်း အလကားကျွေးခဲ့တဲ့အတွက် အလုပ်မှထုတ်ပယ်ခံခဲ့ရသော် လည်းပဲသူမက ပြုံးနိုင်ခဲ့တယ်လို့CBS သတင်းကိုပြော ပြခဲ့ပါတယ်။

ကလေးမိခင် ဒယ်လာ ကာရီက သူမတာဝန်ထမ်းဆောင်နေတဲ့ ကျောင်းက ချို့တဲ့တဲ့ ကလေးငယ်လေးတွေက နေ့လည်ခင်းစာထမင်းဘူးနဲ့ ဝယ်စားဖို့မုန့်ဖိုးမပါလာလို့ ဆာ လောင်ငိုယိုနေတဲ့ ကလေးငယ်တွေကို နေ့လည်စာကျွေးမွေးလေ့ရှိပါတယ်။

Cherry Creek School District ကျောင်းရဲ့တရားဝင်စည်းကမ်းထုတ်ပြန်ချက်မှာ ထမင်းဘူးနဲ့ မုန့်ဖိုး မပါလာတဲ့ ကျောင်းသားတွေကို ပထမသုံးကြိမ်မှာအပူနွေးအစား အသောက်တွေ ကျွေးမွေးပြီးနောက် လေးကြိမ်မြောက်ထပ်မပါတော့ဘူးဆိုရင်တော့ ဘာဂါတစ်လုံးနဲ့ ချိစ်တစ်ပြားတို့ကိုသာကျွေးမွေးတာပဲဖြစ်ပါတယ်။ 
ထိုသို့ နေ့တစ်နေ့လုံးစာအတွက် ချိစ်တစ်ပြားနဲ့ဟမ်ဘာဂါတစ်လုံးက ကလေးငယ်တွေ ရဲ့အာဟာရဓာတ်ကို မည်သို့မျှတင်းတိမ်အောင်ဖြည့်ပေးနိုင်မှာ မဟုတ်ကြောင်းနဲ့ ဒီလို ထုတ်ပြန်ချက်ကို ပြောင်းလဲဖို့လိုအပ်ကြောင်းသူမက ထောက်ပြပြောဆိုခဲ့ပါတယ်။

ဖိုးသူတော်

မှတ်ချက်များ