ဆိုဒါဘူးတောင်းသည့် မွတ်စလင် အမျိုးသမီးကို အကြမ်းဖက်သမားသဖွယ် ဆက်ဆံမိသည့် လေကြောင်းလိုင်းက ပြန်တောင်းပန်ရ
အမေရိကန် လေကြောင်းလိုင်း တစ်လိုင်းက လေယာဉ်အမှုထမ်း တစ်ဦးက မွတ်စလင် အမျိုးသမီး ခရီးသည် တစ်ဦးကို အကြမ်းဖက်သမားသဖွယ် စွပ်စွဲဆက်ဆံမိ၍ ပြန်လည်တောင်းပန်ခဲ့ရသည်။
ပြီးခဲ့သည့် သီတင်းပတ်က တာဟာရာအာမတ် ဆိုသူ အမျိုးသမီးက ဆိုဒါဘူးသစ်ကို နောက်ခုံတွင် ထိုင်နေသူ ခရီးသည် တစ်ဦးထံပေးလိုက်ပြီး ၎င်းအတွက် တစ်လုံးထပ်တောင်းရာတွင် လက်နက်အဖြစ် အသုံးချနိုင်သည်ဟုဆိုကာ ငြင်းဆန်ခြင်းခံလိုက်ရကြောင်းကို ဖေ့ဘုတ်ပေါ်ကနေ ဖြန့်ချလိုက်ခြင်း ဖြစ်သည်။
အဆိုပါ United Airlines လေကြောင်းလိုင်းက "မစ္စအာမတ်သည် ကျွန်တော်တို့ရဲ့ ခရီးသည်ဖောက်သည် တစ်ဦးဖြစ်ပြီး လေယာဉ်ပေါ်မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်အတွက် တောင်းပန်ပါတယ်" ဟု ထုတ်ပြန်ချက်ထုတ်ခဲ့သည်။
"ဒီအဖြစ်အပျက်ကို စစ်ဆေးပြီး နောက်မှာ အဲဒီလိုဆက်ဆံလိုက်သူ လေယာဉ်အမှုထမ်းကို သိရှိခဲ့ပါတယ်။ အရေးယူသွားဖို့လည်း ရှိပါတယ်” ဟု လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိသူ ချားလီဟိုဘတ်က ပြောခဲ့သည်။
mizzima

မှတ်ချက်များ