Jennifer Lopez ရဲ့ Morocco ဖျော်ဖြေ တင်ဆက်မှုကြောင့် ဆက်သွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ပေးဖို့ တောင်းဆိုခံခဲ့ရ
Rabat က Mawazine Festival ဖျော်ဖြေမှုမှာ ဖျော်ဖြေပေးသွားတဲ့ Jennifer Lopez ရဲ့ ပါးဖောင်းမန့်စ်တွေဟာ ယဉ်ကျေးမှုပျက်ပြားစေမှု တစ်ရပ်ဖြစ်တယ်လို့ လက်ရှိအာဏာရ Justice and Development Party ရဲ့ အထင်ကရ အဖွဲ့ဝင်တွေက ပြောဆိုခဲ့ကြပါတယ်။
ဆက်သွယ်ရေးဝန်ကြီး Mustapha Khalfi က ဖျော်ဖြေတင်ဆက်မှုကို ရုပ်မြင်သံကြားပေါ် ထုတ်လွင့်ပြုခွင့် ပြုခြင်းကြောင့် ပြစ်တင် ပြောဆိုခံခဲ့ရပါတယ်။
ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုမှုကို ပယ်ချခဲ့တယ်လို့ သတင်းစာက ဆိုပါတယ်။
J-Lo လို့လည်း မကြာခဏခေါ်ဆိုတဲ့ Lopez ဟာ ပရိတ်သတ် ၁၆၀,၀၀၀ ရှေ့မှာ သောကြာနေ့က သီဆိုဖျော်ဖြေခဲ့ပါတယ်။
ပရိတ်သတ်တွေ ပျော်ရွှင်ကျေနပ်မှု ရစေဖို့ ယင်းဖျော်ဖြေတင်ဆက်မှုအစီအစဉ်ကို 2M ရုပ်မြင်သံကြားကနေ အချိန်အနည်းငယ်နောက်ကျပြီး ထုတ်လွင့်ခဲ့တယ်။
ဒါပေမယ့် ဒေသတွင်းသတင်းမီဒီယာတွေက သူမကို မလုံမလဲ ဝတ်စားဆင်ယင်ခြင်းအတွက် ဝေဖန်မှုပေးကြပါတယ်။
MP အများစုက ပညာရေး၊ ယဉ်ကျေးမှုနဲ့ ဆက်သွယ်ရေး ကော်မတီအဖွဲ့က ဘာကြောင့် ယင်းရှိုးပွဲကို ရုပ်သံထုတ်လွင့်ပြသခဲ့လဲဆိုတာ ဆွေးနွေးဖို့ အစည်းအဝေးတစ်ခု ကျင်းပခဲ့ပါတယ်။
ဒီကိစ္စ ဆွေးနွေးဖို့ 2M TV ရဲ့ ကျင့်ဝတ်ဆိုင်ရာကော်မတီကို ဆက်သွယ်ဖို့ စီစဉ်ထားတယ်လို့Twitter ပေါ် Mr Khalfi က ပြောဆိုထားပါတယ်။
ထုတ်လွင့်ပြသတာတွေက လက်မခံနိုင်စရာဖြစ်ပြီး ရုပ်သံလွင့် ဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ သူက ထပ်မံပြောဆိုခဲ့ပါတယ်။
ပေါ်ထွန်း - Trend Myanmar

မှတ်ချက်များ