အဲ့ဒီအကြောင်း ပုံနဲ့တကွ tumblr မှာတင်တော့ သူမရဲ့ ပရိသတ်တွေက ဘာပုံကြီးလဲဆိုပြီး တော်တော်လေး ခေါင်းစားသွားရပါသေးတယ်။ နောက်မှ Taylor Swift က ခုလို သူမ လမ်းနောက်ပြန်လျှောက်တတ်အောင် ကြိုးစားခြင်းဟာ ပါပါရာဇီတွေရဲ့ ဒဏ်ကို မခံနိုင်တော့လို့ ဖြစ်ကြောင်းပြေပြသွားတာပါ။
"တစ်ခါတစ်လေ ကင်မရာနဲ့ လူတစ်ယောက်ကို မြင်လိုက်တယ်။ ကိုယ်ကလည်း စိတ်ကသိကအောက်ဖြစ်နေချိန်၊ ဒါမှမဟုတ် ဓာတ်ပုံအရိုက်ခံဖို့ စိတ်မပါတဲ့အချိန်ဆိုရင် လာနေတဲ့လမ်းကိုနောက်ပြန်လျှောက်သွားလိုက်ရုံပဲ။ ဘေးနားက ဘော်ဒီကတ်နဲ့ အစောင့်ဝန်ထမ်းတွေရဲ့ ခြေဟန်လက်ဟန်ကိုတော့ သေချာကြည့်ရတာပေါ့" လို့ ဆိုသွားပါတယ်။
ဟန်နီ - Trend Myanmar

မှတ်ချက်များ