အသက်အရွယ်နဲ့ လိုက်ဖက်မယ့် ဇာတ်ရုပ်တွေကိုပဲ ရိုက်ကူးတော့မယ့် မင်းမော်ကွန်း
နောက်ထပ် ရိုက်မယ့်ဇာတ်ကားတွေကို လက်ရှိ အသက်အရွယ်နဲ့ လိုက်ဖက်မယ့် ဇာတ်ရုပ်တွေကိုပဲ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။
“ဟာသကတော့ အရင်တုန်းကတော့ ကျွန်တော်တို့က ပြဇာတ်ဆန်တဲ့ ရုပ်ရှင်ပေါ့နော်။ လူရွှင်တော်တွေ လုပ်သလိုပေါ့။ အခုကတော့ ဇာတ်နဲ့သွားတဲ့ ဟာသမျိုးတွေ ဖြစ်လာတယ်။ အခုကျွန်တော် ပြန်ရိုက်လာတော့ အဓိက ကျွန်တော်အသက် အရွယ်နဲ့ လိုက်မယ့် ဇာတ်မျိုးတွေကို အဓိကထား ရိုက်ဖြစ်ပါတယ်။ ကျွန်တော်ရယ်၊ ကုမ္ပဏီရယ်၊ ဒါရိုက်တာရယ် ပေါ့နော်။ ညှိနှိုင်း တိုင်ပင်ပြီး သွားကြတယ်။ ကာရိုက်တာပိုင်း ကတော့ အသက်အရွယ်နဲ့ လိုက်ဖက်တာရယ်၊ အရင်တုန်းက ကျွန်တော်သွားခဲ့တဲ့ လမ်းကြောင်းအတိုင်းပဲ လုပ်မှာပါ။ ကျွန်တော် လုပ်ချင်တဲ့ ဇာတ်လမ်းတွေကို ပရိုဂျူဆာနဲ့ တိုင်ပင်ပြီးတော့ လုပ်ပါတယ်။ လောလောဆယ်တော့ ကျွန်တော် ရိုက်ချင်တဲ့ ကားလေးတွေကို ရိုက်နေတယ်။ အောင်သီရီဘက်ကလည်း တောင်းဆိုတော့ ကျွန်တော် ပထမဆုံးနှစ်ကားကို ဟာသလေးနဲ့ အရင် ဖွင့်ပါတယ်”လို့ မင်းမော်ကွန်းက ပြောပြတာပါ။
အကယ်ဒမီ မင်းမော်ကွန်းက ဟာသ ဇာတ်လမ်းလေးတွေနဲ့ ဇာတ်ကားတွေကို ပြန်လည် စရိုက်ပြီးတော့ နောက်ပိုင်းမှာ ကိုယ်ပိုင် ဇာတ်လေးတွေကိုလည်း ရိုက်ပြဦးမယ်လို့ ဆိုပါတယ်။
The Messager

မှတ်ချက်များ